မဟာချိုင်တွင် အလုပ်သမားလက်မှတ်တုများ ထုတ်ပေး

NEJ / ၁၁ စက်တင်ဘာ ၂၀၀၇-ထိုင်းနိုင်ငံ မဟာချိုင်ဒေသတွင် တရားဝင်အလုပ်သမားလက်မှတ်မရှိသူ မြန်မာများ
အား ထိုင်းရဲများနှင့် မြန်မာပွဲစားများ ပူးပေါင်းကာ လက်မှတ်တုများ ထုတ်ပေးနေကြောင်း မြန်မာအလုပ်သမားတဦးက
ပြောသည်။

ယင်းလက်မှတ်ကို မဟာချိုင်ရှိ မြန်မာအလုပ်သမားများကြားတွင် ဘတ် (၅၀၀) တန်လက်မှတ်ဟု ခေါ်ဆိုပြီးထိုင်းရဲများ
နှင့်နားလည်မှု ယူကာ မြန်မာပွဲစားများက ငွေယူ၍ ထုတ်ပေးနေခြင်းဖြစ်သည်။

လက်မှတ်ရရှိရန်အတွက် ပွဲစားများကို ဘတ် (၃၀၀ မှ ၆၀၀) အထိ ပေးရပြီး ယင်းလက်မှတ် ကိုင်ဆောင်သည့်တရားမ
ဝင်အလုပ်သမားကို ထိုင်းရဲများက ၎င်းတို့အပိုင်ဒေသအတွင်း ဖမ်းဆီးခြင်း မရှိဟုသိရသည်။

ယင်းလက်မှတ်တုတွင် အလုပ်သမားအမည်နှင့်ဓာတ်ပုံ၊ အလုပ်လုပ်ကိုင်သည့်နေရာ၊ သက်တမ်း ကုန်ဆုံးမည့်နေ့ရက်
နှင့် အလုပ်ရုံမန်နေဂျာ၏လက်မှတ် အစရှိသည့်အချက်အလက်များပါရှိပြီး အဆိုပါလက်မှတ်တု ကိုင်ဆောင်သူများ၏ အမည်စာရင်းများကိုလည်း သက်ဆိုင်ရာရဲများက သိရှိထားပြီးဖြစ်သည်။

မြန်မာပွဲစားတဦးက “အဓိကက ကျနော်တို့ မြန်မာအလုပ်သမား လက်မှတ်မရှိတဲ့သူတွေအတွက် အဆင်ပြေအောင်
လုပ်ပေးတာပါ။ သူတို့မှာ အဲဒီလက်မှတ်လေးတွေရှိနေရင် အဖမ်းအဆီးအတွက် သိပ်မပူရဘူးပေါ့။ တခြားလူတွေလုပ်
နေတာတော့ ကျနော်မသိဘူး။ ကျနော့်အပိုင်းမှာ လက်မှတ်ရှိရက်နဲ့ ဖမ်းမိရင် ကျနော်တာဝန်ယူပြီး ပြန်ထုတ်ပေးတယ်”
ဟု ပြောသည်။

အဆိုပါ လက်မှတ်ကိုင်ဆောင်သူများသည် မိမိတို့သက်ဆိုင်ရာ ရပ်ကွက်တွင်း၌သာနေထိုင်ရပြီး နယ်ကျော်ပါက တာဝန်
မယူကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်အပတ်က မဟာချိုင်ဒေသ သလပ်ကွန်းတွင် ထိုင်းရဲများ ၀င်ရောက်ဖမ်းဆီးရာ ယင်းလက် မှတ်ကိုင်ဆောင်
ထားသူ မြန်မာများလည်း ဖမ်းဆီးခံခဲ့ရကြောင်း ပြန်လည်လွတ်မြောက်လာသူ မြန်မာအလုပ်သမားတဦးက ပြောသည်။

၎င်းက “ပွဲစားတွေက လက်မှတ်လုပ်ပေးတုန်းကတော့ မဖမ်းဘူးပြောတာပဲ၊ အခုဖမ်းသွားတော့ သူတို့လည်း တာဝန်မ
ယူနိုင်ဘူး။ ကျနော်တို့မှာ မရှိရတဲ့ကြားထဲက အဖမ်းခံရတော့ ပြန်ရွေးရတာဘတ် (၂,၅၀၀) တောင် ပေးလိုက်ရတယ်”
ဟု ပြောသည်။

ရဲများမှာ ရပ်ကွက်အပိုင်တခုနှင့်တခု မတူသဖြင့် ယင်းလက်မှတ်ကိုင်ဆောင်သူများမှာ လုံခြုံမှုမရှိဘဲ တခြားရပ်ကွက်
အပိုင်ရဲများက ၀င်ရောက်ဖမ်းဆီးပါက အဖမ်းခံကြရသူများရှိသကဲ့သို့ လွတ်မြောက်သူများလည်းရှိသည်။

တရားမ၀င် မြန်မာအလုပ်သမား တသိန်းခွဲခန့် အလုပ်လုပ်ကိုင်လျက်ရှိသည့် စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင်
ထိုင်းရဲများက နေ့စဉ်ရက်ဆက် ဖမ်းဆီးလျက်ရှိပြီး ပြန်လည်ရွေးယူပါက(၂,၅၀၀၊ ၃,၀၀၀) စသဖြင့် ပေးရကြောင်း
သိရသည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: