ဘုရားသုံးဆူအနီးတွင် နအဖတပ်များနှင့် ကေအန်ယူတို့ တိုက်ပွဲဖြစ်ပွား

ချမ်းလွန် / ၁၁ စက်တင်ဘာ ၂၀၀၇-ဘုရားသုံးဆူဒေသအနီးတွင် ယမန်နေ့နံနက်က ကရင်အမျိုးသားအစည်းအရုံး
(ကေအန်ယူ) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်များနှင့်
နအဖစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ပွားရာ နှစ်ဘက်ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဘုရားသုံးဆူသို့ ပြောင်းရွှေ့လာသည့် နအဖခြေလျင်တပ်ရင်း ခလရ (၅၁) မှစစ်ကြောင်းနှင့် ကေအန်ယူတပ်မဟာ
(၆) လက်အောက်ခံ ကေအန်အယ်လ်အေတပ်ရင်း(၁၆)၊ တပ်ခွဲ (၂) မှ တပ်ဖွဲ့များ ဘုရားသုံးဆူအနီးရှိ မဲဇလီကျေး
ရွာနားတွင် တိုက်ပွဲဖြစ်ကြကြောင်း ယင်းဒေသရှိ ထိုင်းအာဏာပိုင်များနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “မနေ့က မနက် (၇) နာရီလောက်မှာဖြစ်တယ်။ တိုက်ပွဲမှာ နှစ်ဘက်အကျအဆုံးတော့မရှိဘူး၊ နအဖဘက်
က ဒဏ်ရာတယောက်ရတယ်။ ကေအန်ယူဘက်ကလည်း ဒဏ်ရာတယောက် ရတယ်လို့ကြားတယ်” ဟု ပြော
သည်။

ယမန်နေ့မနက်အစောပိုင်းတွင် ကေအန်ယူတပ်ဖွဲ့နှင့် နအဖတပ်များ မိနစ် (၂၀) ခန့် တိုက်ပွဲဖြစ်ခဲ့ကြောင်းနှင့် တိုက်ပွဲ
များကြောင့် နအဖဘက်မှ (၁) ဦးသေဆုံးပြီး (၄) ဦးဒဏ်ရာရသွားကြောင်း ကေအန်ယူတပ်မဟာ (၆) တပ်မဟာစစ်
ရုံးမှ ဗိုလ်မှူးတဦးက အတည်ပြုပြောကြားသည်။

ယခုလ (၇) ရက်တွင်လည်း ခလရ (၅၁) အား လုံခြုံရေးယူပေးသည့် နအဖခြေလျင်တပ်ရင်းခလရ (၆၃) နှင့် ကေ
အန်ယူ တပ်မဟာ (၆) တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖဘက်မှတဦးကျဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရှိခဲ့ကြောင်း အဆိုပါထိုင်း
အာဏာပိုင်များနှင့် နီးစပ်သူက ပြောသည်။

၎င်းက “(၇) ရက်မှာ ဖြစ်တာက ကေအန်ယူက ဆွဲမိုင်းနဲ့တိုက်တယ်လို့ကြားတယ်။ မနက် (၈) နာရီ ခွဲလောက်မှာဖြစ်
တာ။ အဲမှာက တပ်ရင်း (၆၃) ဘက်က တပ်ကြပ်ကြီးတယောက်သေတယ်။ပြီးတော့ ဒဏ်ရာသုံးယောက်ရတယ်” ဟု
ပြောသည်။

အနောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ မြန်အောင်မြို့အခြေစိုက် နအဖခြေလျင်တပ်ရင်း ခလရ (၅၁)သည် ဘုရားသုံးဆူမြို့တွင် လက်ရှိယာယီ ရှေတန်းတာဝန်ယူထားသည့် ပုသိမ်မြို့ အခြေစိုက် နအဖခြေမြန်တပ်ရင်း ခမရ
(၃၀၈) နှင့် တပ်အပြောင်းအလဲလုပ်ရန် လာရောက်ရာမှ ယင်းသို့ ကေအန်ယူတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ခြင်းဖြစ်ကြောင်း
သိရသည်။

ယင်းသတင်းနှင့်ပတ်သက်၍ တိုက်ပွဲဖြစ်ပွားသည်ကို ကေအန်ယူဘက်မှ အတည်ပြုချက်ပေးသော်လည်း တိုက်ပွဲဖြစ်
ပွားပုံအသေးစိပ်နှင့် အကျအဆုံးကို အတည်မပြုနိုင်သေးကြောင်းပြောဆိုသည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: