ထိပ်သီးတမီးလ်သူပုန်အဖွဲ့ဝင်တဦးကို ဘန်ကောက်တွင်ဖမ်းမိ-NEJ / ၁၁ စက်တင်ဘာ ၂၀၀၇

11-9-07_tamil.gifသီရိလင်္ကာနိုင်ငံမှ ‘တမီးလ်တိုက်ဂါး’ သူပုန်အဖွဲ့၏ ဘဏ္ဍာရေး ဆိုင်ရာအကြီးအကဲဖြစ်ပြီး အဆိုပါအဖွဲ့အတွက် လက်နက်များ
ဝယ်ယူတင်ပို့ပေးနေသည်ဟု စွပ်စွဲခံထားရသူတဦးကို ထိုင်း နိုင်ငံတွင် ဖမ်းမိသည်။တမီးလ်တိုက်ဂါးအဖွဲ့မှ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သူ
ကူမာရန်းပါ့မနာဒန်ကို ဘန်ကောက်မြို့တွင် ယမန်နေ့ညနေက ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။

ဖမ်းဆီးမိသည့်အချိန်တွင် ပါ့မနာဒန်သည် ထိုင်းနိုင်ငံသားတဦးဖြစ်နေပြီး နိုင်ငံတကာရှိ အဆိုပါ သူပုန်အဖွဲ့၏ရုံးများကို ချိတ်ဆက်လည်ပတ်ပေးနေသည့်အပြင် အဖွဲ့အတွက် လက်နက်ဝယ်ယူခြင်း၊ ထောက်ပံ့ခြင်းနှင့် တရားမ၀င်ငွေများကို ငွေဖြူလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။

၎င်းသည် မှုခင်းဆိုင်ရာ နိုင်ငံတကာရဲတပ်ဖွဲ့ INTERPOL (အင်တာပူးလ်) မှ အလိုရှိဆုံးစာရင်းဝင်
တဦးဖြစ်ပြီး နိုင်ငံရေးခေါင်းဆောင်များအား လုပ်ကြံမှုတွင်လည်း ပါဝင်ပတ်သက်နေကြောင်း သတင်းတွင် ဖော်ပြသည်။

ထိုင်းနိုင်ငံ ရနောင်းခရိုင်အတွင်း၌ တမီးလ်တိုက်ဂါးသူပုန် (၃) ဦးတို့အား လက်နက်များနှင့် ကျည်ဆန် အရေအတွက် (၄၅,၀၀၀) ၀ယ်ယူရန်ကြိုးစားမှုဖြင့် ယခင်လက ဖမ်းမိခဲ့ပြီးနောက် ပါ့မနာဒန်အား ထပ်မံဖမ်းမိခြင်းဖြစ်သည်။

နာမည်ဝှက်အမြောက်အမြားရှိသော ပါ့မနာဒန်သည် တောင်အာဖရိကနိုင်ငံ ဂျိုဟန်းနက်စ်ဘတ်မြို့၊ ရန်ကုန်၊ စင်ကာပူနှင့် ဘန်ကောက်ခရီးစဉ်တို့အတွင်း စောင့်ကြည့်ခြင်းခံရသည့် ဖမ်းဆီးရန်အတွက် မသင်္ကာသူ ရာဇ၀တ်သားများစာရင်းတွင် မကြာမီက ထည့်သွင်းခြင်းခံရသည်။

၎င်းသည် လန်ဒန်၊ ဖရန့်ဖါ့၊ ဒိန်းမတ်၊ အေသင်နှင့် သြစတြေးလျနိုင်ငံတို့တွင် ဘဏ်စာရင်းများ ဖွင့် ထားပြီး နိုင်ငံကူးလက်မှတ်မျိုးစုံ (၂၀၀) ကျော်ကို ကိုင်ဆောင်အသုံးပြုနေသူဖြစ်ကြောင်းလည်း ရဲများကို ကိုးကား၍ ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

‘တမီးလ်တိုက်ဂါး’ အဖွဲ့သည် သီရိလင်္ကာနိုင်ငံ၏ အရှေ့နှင့် မြောက်ဘက်ဒေသတို့တွင် သီးခြား လွတ်လပ်သော တမီးလ်နယ်မြေ ထူထောင်ရေးအတွက် ၁၉၇၀ ခုနှစ်များမှစတင်ကာ အစိုးရအား လက်နက်ကိုင် တိုက်ပွဲဝင်နေသည့် အဖွဲ့ဖြစ်သည်။

အဆိုပါအဖွဲ့အား အိန္ဒိယ၊ အမေရိကန်၊ မလေးရှား၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ ကနေဒါနိုင်ငံတို့အပါအ၀င်
နိုင်ငံပေါင်း (၃၀) ကျော်က အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: