မြောက်ကိုရီးယားသို့ ဆွေးနွေးပွဲတက်ရောက်ရန် မြန်မာထိပ်ပိုင်းသံတမန် သွားရောက်မည်

AP / ၁၀ စက်တင်ဘာ ၂၀၀၇-နှစ်ပေါင်းများစွာ သံတမန်အဆက်အသွယ်ပြတ်တောက်နေသည့် မြန်မာနှင့်မြောက်ကို
ရီးယား နှစ်နိုင်ငံအကြား ရင်းနှီးဆက်ဆံမှု တိုးမြှင့်လုပ်ဆောင်ရေးအတွက် မနက်ဖြန် ကျင်းပမည့် ဆွေးနွေး ပွဲသို့တက်
ရောက်ရန် နအဖ ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူကို မြောက်ကိုရီးယားနိုင်ငံသို့ စေလွှတ်မည်ဖြစ်ကြောင်း နအဖစစ်
အစိုးရ နိုင်ငံခြားရေးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

၁၉၈၃ ခု အောက်တိုဘာ၌ ရန်ကုန်သို့သွားရောက်သည့် တောင်ကိုရီးယားသမ္မတ ချန်ဒူးဝှန်နှင့် အစိုးရအဖွဲ့ကို မြောက်
ကိုရီးယား သူလျှိုတို့က ဗုံးခွဲတိုက်ခိုက်၍ သမ္မတလွတ်မြောက်ခဲ့သော်လည်း အစိုးရအဖွဲ့ဝင် အများအပြား သေဆုံးဒဏ်
ရာရပြီးနောက် မြန်မာက မြောက်ကိုရီးယားနှင့် သံတမန် အဆက်အသွယ် ဖြတ်ခဲ့သည်။

ယင်းဗုံးခွဲမှုကိုပြုလုပ်ခဲ့သည့် မြောက်ကိုရီးယား ဖောက်ခွဲရေးသမား (၃) ဦး အဖမ်းခံခဲ့ရပြီး တဦးမှာ ကြိုးမိန့်ပေးခံရ၍
အခြားတဦးမှာ ၎င်းအားဖမ်းမိစဉ်အတွင်း မိမိကိုယ်ကို ဗုံးခွဲသတ်သေခဲ့သည်။ ကျန်တဦးဖြစ်သည့် ခန်မင်ချူးလ်သည်
ယခုလက်ရှိ အင်းစိန်ထောင်တွင် အကျဉ်းကျခံနေရဆဲ ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီတွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံမှု ပြန်လည်ထူထောင်ရန် နအဖ ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူနှင့်
မြောက်ကိုရီးယား ဒု-နိုင်ငံခြားရေးဝန်ကြီး ကင်ယုံအီးတို့ တွေ့ဆုံဆွေးနွေးပြီး လက်မှတ်ရေးထိုးခဲ့ကြသည်။

ထို့ပြင် မြောက်ကိုရီးယားမှ တာဝန်ရှိသူများက မြန်မာနိုင်ငံအတွင်း သံရုံးဖွင့်လှစ်မည့်နေရာအတွက် မကြာခင်က လာ
ရောက်လေ့လာခဲ့သည်။

မြန်မာနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံလုံးသည် ၎င်းတို့၏ အာဏာရှင်ဆန်သည့်အစိုးရကြောင့် ပြစ်တင်ဝေဖန်မှုများကို ကျယ်ကျယ်ပြန့်ပြန့်ခံနေရသည့် နိုင်ငံများဖြစ်သည်။

အထူးသဖြင့်မြန်မာနိုင်ငံသည် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား
များကို ဖမ်းဆီးထိန်းသိမ်းထားမှုဖြင့် ပြစ်တင်ဝေဖန်မှုများ ပို၍ခံနေရသည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: