ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း လေဆိပ်အရောက် ဖမ်းဆီးခံရ-NEJ / ၁၀ စက်တင်ဘာ ၂၀၀၇

10-9-07_sharif.gif

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း န၀ပ်ရှရစ်သည် ဗြိတိန်နိုင်ငံမှ မိခင်နိုင်ငံသို့ ယနေ့ ပြန်လည်ရောက်ရှိ လာပြီး မကြာမီ အာဏာပိုင်များ၏ ဖမ်းဆီးခြင်း ခံရကာ ဆော်ဒီအာရေးဗီးယားနိုင်ငံသို့ ပို့ဆောင်ခြင်း ခံရသည်။

၁၉၉၉ ခုတွင် လက်ရှိသမ္မတ မူရှာရတ်၏ အာဏာ သိမ်းခြင်းခံရပြီးနောက် ဗြိတိန်နိုင်ငံတွင် နိုင်ငံရေး ခိုလှုံခွင့်ဖြင့် နေထိုင်နေသော ၀န်ကြီးချုပ်ဟောင်း သည် ၎င်းတာဝန်ရှိစဉ်က တရားမ၀င်ငွေများကို ငွေဖြူလုပ်မှု၊ အဂတိလိုက်စားမှုတို့ဖြင့် ဆက်စပ်ပြီး ယခုကဲ့သို့ ဖမ်းရခြင်းဖြစ်ကြောင်း တာဝန်ရှိသူများကပြောသည်ဟု ဒေးလီးတယ်လီဂရပ်တွင် ဖော်ပြသည်။

ဝန်ကြီးချုပ်ဟောင်းသည် ယနေ့နံနက်တွင် အစ္စလမ္မဘတ်မြို့တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပါကစ္စတန် နိုင်ငံတကာလေကြောင်းလိုင်းပိုင်လေယာဉ်ဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး နာရီပိုင်းအတွင်း အဖမ်းဆီးခံရကာ အထူးထောင်သို့ ခေါ်ဆောင်သွားခြင်းခံရသည်။

ယင်းသို့ ခေါ်ဆောင်သွားပြီး မကြာမီတွင်ပင် ၎င်းအား ပါကစ္စတန်မှ ဆော်ဒီအာရေးဗီးယားနိုင်ငံ အနောက်ပိုင်းရှိ ဂျီဒါးမြို့သို့ ထွက်ခွာမည့် လေယာဉ်ပေါ်သို့ တင်ပေးလိုက်ကြောင်း ထောက်လှမ်းရေး အရာရှိများနှင့် သမ္မတရုံးဝန်ထမ်းများကို ကိုးကား၍ သြစတြေးလျသတင်းတပုဒ်တွင် ဖော်ပြ သော်လည်း ပါကစ္စတန်အစိုးရကမူ တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

မကြာမီကျင်းပတော့မည့် ရွေးကောက်ပွဲတွင် လက်ရှိသမ္မတအား စိန်ခေါ်ကာ ယှဉ်ပြိုင်လိုကြောင်း
န၀တ်ရှရစ်က ပါကစ္စတန်သို့ ပြန်မလာမီ အစောပိုင်းတွင် ပြောခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးဌာနက ၀န်ကြီးချုပ်ဟောင်းလိုက်ပါလာသော လေယာဉ်ပေါ်သို့တက်လာပြီး ၎င်းထံမှ နိုင်ငံကူးလက်မှတ်တောင်းသည်ကို ငြင်းဆိုနေခြင်းကြောင့် လေယာဉ်အား စစ်သားများက (၂) နာရီကျော်ကြာ ၀ိုင်းရံထားခဲ့ကြသည်။

ထို့နောက် ၀န်ကြီးချုပ်ဟောင်းကို လေယာဉ်ပေါ်မှ ဆင်းခွင့်ပြုခဲ့ပြီး လေဆိပ်အတွင်းရောက်မှ ဖမ်းဆီး လိုက်ခြင်းဖြစ်သည်။

န၀ပ်ရှရစ်ကိုထောက်ခံသူများ လေဆိပ်အနီးမရောက်ရှိနိုင်စေရန် ရဲအမြောက်အများက အကာအရံ အတားအဆီးများချထားခဲ့ပြီး ယနေ့အတွက် ပြည်တွင်းလေယာဉ်ခရီးစဉ် အားလုံးကိုလည်း ရွှေ့ဆိုင်း လိုက်သည်။

အစ္စလမ္မဘတ်၊ ရာဝါပင်ဒီနှင့် အတ်တတ်မြို့တို့တွင် ၀တ်ကြီးချုပ်ဟောင်း န၀တ်ရှရစ်အား ထောက်ခံ သူများနှင့် ရဲများအကြား အဓိကရုဏ်းများ၊ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့် သတင်းများလည်း ထွက်ပေါ်နေသည်။

မစ္စတာရှရစ်အား ထောက်ခံသူ (၂,၀၀၀) ကျော်ကို ပါကစ္စတန်တာဝန်ရှိသူများက ယမန်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း ၎င်း၏မွတ်စလင်အဖွဲ့ချုပ်ပါတီ (PML-N) မှ တာဝန်ရှိသူများက ပြောသည်။

၁၉၉၉ ခုတွင် လက်ရှိသမ္မတ ဗိုလ်ချုပ်ကြီး မူရှာရတ်၏ အာဏာသိမ်းခြင်းခံခဲ့ရသော မစ္စတာရှရစ်
သည် (၁၉၉၀-၉၃) နှင့် (၁၉၉၇-၉၉) တို့တွင် ပါကစ္စတန်ဝန်ပြီးချုပ်အဖြစ် နှစ်ကြိမ်တိုင် တာဝန်ယူ ခဲ့သည်။     ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: