စစ်အုပ်စုကို ပြည်သူ့အားဖြင့် ဆန့်ကျင်သွားမည်ဟု ၈၈ မျိုးဆက်ကျောင်းသားများ ကြေညာ

NEJ / ၁၀ စက်တင်ဘာ ၂၀၀၇- မြန်မာနိုင်ငံတွင်လက်နက်ဖြင့်အနိုင်ကျင့်နေသည့် အာဏာရှင်စစ်အစိုးရကို ပြည်သူ
တရပ်လုံးအတိုင်းအတာအနေဖြင့် ဆန့်ကျင်သွားမည်ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်ကပြော
သည်။

ယမန်နေ့က ၎င်းတို့ထုတ်ပြန်သည့် ကြေညာချက်နှင့်ပတ်သက်၍ ပြောကြားခြင်းဖြစ်သည်။

ယင်းကြေညာချက်မှာ မတရားဖမ်းဆီးခံထားရသော၎င်းတို့၏ ကျောင်းသားခေါင်းဆောင်များနှင့် ပတ်သက်၍ ထုတ်ပြန်
ခြင်းဖြစ်ပြီး၎င်းတို့အနေဖြင့် မည်သည့်ဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှုမျိုးကိုမဆို ကြံ့ကြံ့ခံရင်ဆိုင်ရပ်တည်ကာ မြန်မာနိုင်
ငံတွင် စစ်အာဏာရှင်စနစ် ဖယ်ရှားနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

“ကျနော်တို့ဟာ လူထုနဲ့ထပ်တူကြိုးပမ်းသွားမှာဖြစ်ပါတယ်။ နိုင်ငံရေးနည်းအရ ငြိမ်းချမ်းစွာအဖြေရှာဖို့ အကြိမ်ကြိမ်ကြိုး
ပမ်းခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကို ဒီပဲယင်းမှာ အကြမ်းဖက်တိုက်ခိုက်ခဲ့တယ်။ိုင်ငံတော်လုပ်ကြံမှု
တရပ်ဖြစ်ခဲ့ပါတယ်။ အဲဒီလိုပဲ ဒီကနေ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကိုလည်း မတရားဖမ်းဆီးခဲ့ပြန်ပြီ။
အဲဒါအပြင်ကို ရဟန်းသံဃာ တွေကိုပါ သာသနာတခုလုံးကို စော်ကားမော်ကားလုပ်ဝံ့တယ်။ လက်နက်နဲ့အနိုင်ကျင့်ရဲ
တဲ့အစိုးရမျိုးကို ကျနော်တို့ပြည်သူတရပ်လုံးက လက်မခံဖို့ပါပဲ” ဟု ကိုဌေးကြွယ်က ပြောသည်။

နအဖစစ်အစိုးရက ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျ၊ ကိုကိုကြီးအပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် (၁၇)
ယောက်အား လောင်စာဆီဈေးနှုန်းကျဆင်းရေး တောင်းဆိုဆန္ဒပြမှုတွင်ပါဝင်ခဲ့သဖြင့် ယခင်လ (၂၁) ရက်မှစတင်
ကာ ဖမ်းဆီးခဲ့သည်။

ထိုသို့စစ်အစိုးရက ကျောင်းသားခေါင်းဆောင်များအား ဖမ်းဆီးမှုများပြုလုပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံအနှံ့တွင်ငြိမ်းချမ်း
စွာလမ်း လျှောက်ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေပြီး သံဃာတော်များပါ ပူးပေါင်းပါဝင်မှုများရှိလာကာ စစ်အစိုးရ
ကလည်း ဆန္ဒပြသူများကို ရှာဖွေဖမ်းဆီးမှုများ ပြုလုပ် နေသည်။

မြန်မာနိုင်ငံအရေးသည် ဥရောပသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စုအပါအ၀င် အနောက်နိုင်ငံများသာမက အာဆီယံနိုင်
ငံများကပါ အားလုံးစုပေါင်းဖြေရှင်းမှ ရတော့မည်ဆိုသည့် ပုံစံမျိုးဖြစ်လာနေ သည်ဟုလည်း ကိုဌေးကြွယ်က ပြော
သည်။

ထို့ကြောင့် မြန်မာနိုင်ငံနှင့် ကုန်သွယ်ဖက်နိုင်ငံများဖြစ်သည့် ဂျပန်၊ အိန္ဒိယ၊ တရုတ်နှင့် ရုရှနိုင်ငံတို့ သည်လည်း ယခု
အချိန်တွင် ပြန်လည်စဉ်းစားသင့်နေပြီဖြစ်ကြောင်း ၎င်းကပြောသည်။

“တရုတ်နိုင်ငံရော၊ ရုရှနိုင်ငံရောဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဖြစ်တယ်။လူ့အခွင့်အရေးကို အကြိမ်ကြိမ်ချိုးဖောက်
နေတဲ့၊ ပြည်သူကို ဖိနှိပ်အုပ်ချုပ်နေတဲ့ စစ်အစိုးရရဲ့နောက်မှာ ကျောထောက် နောက်ခံပေးထားတဲ့ နိုင်ငံတွေမဖြစ်စေ
ချင်ပါဘူး။ အဲဒီအတွက် သူတို့ဟာ ကမ္ဘာပေါ်မှာရှိနေတဲ့ နိုင်ငံတွေနဲ့ဆက်ဆံရာမှာ နိုင်ငံရေးဆိုင်ရာကိုယ်ကျင့်တရား
ကို ထိန်းသိမ်းသင့်တယ်လို့ ကျနော်တို့ မြင်ပါတယ်” ဟု ကိုဌေးကြွယ်က ပြောသည်။

စစ်အစိုးရအုပ်ချုပ်နေသည့် မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ဖိနှိပ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပပျောက်
စေရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ချနိုင်ရန် ယခုနှစ်ဇန်န၀ါရီတွင် အမေရိကန်က ဦး
ဆောင်တင်သွင်းသည့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို တရုတ်နှင့်ရုရှနိုင်ငံတို့က ဗီတိုအာဏာသုံးကာ
ပယ်ချခဲ့သည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: