အင်ဒိုနီးရှားနှင့် ရုရှနိုင်ငံတို့အကြား စစ်ပစ္စည်းအရောင်းအ၀ယ် စာချုပ် ချုပ်ဆို -Agencies / ၇ စက်တင်ဘာ ၂၀၀၇

7-9-07_putin.gifအင်ဒိုနီးရှားနှင့် ရုရှနိုင်ငံတို့အကြား အမေရိကန်ဒေါ်လာ (၁) ဘီလီယံတန်ဖိုးရှိ စစ်သုံးယာဉ်များ
ရောင်းဝယ်ရန် ယမန်နေ့တွင် စာချုပ်လက်မှတ်ရေးထိုးကြသည်။

အင်ဒိုနီးရှားက ရုရှလုပ် တိုက်ခိုက်ရေးရဟတ်ယာဉ် (၅) စီး၊  သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်
(၁၀) စီး၊ ကုန်းနှင့် ရေတွင်အသုံးချနိုင်သည့် တင့်ကား (၂၀) စီး၊ ခေတ်မီ စစ်ရေငုပ်သင်္ဘော
(၂) စီးတို့ကို ၀ယ်ယူမည်ဖြစ်ပြီး ကျသင့်ငွေကို (၁၅) နှစ်အတွင်း ပေးချေရမည်ဖြစ်သည်။ရုရှသမ္မတ ဗလာဒီမီရာပူတင်သည် သြစတြေးလျနိုင်ငံတွင် ပြုလုပ်သော အေးပက် (APEC) ညီလာခံသို့အသွား အင်ဒို နီးရှားသမ္မတ ဆူဆီလိုဘမ်ဘန်းယွဒ်ဟိုယိုနိုနှင့် ဆွေးနွေးရန် တရက်တာရပ်နားခဲ့စဉ် ယခုသဘောတူမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ရုရှထံမှ စစ်ပစ္စည်းများ ၀ယ်ယူရသည်မှာ အမေရိကန်နှင့် ဥရောပနိုင်ငံများထံမှ ၀ယ်သကဲ့သို့ လူ့အခွင့်အရေးချိုးဖောက် မှုများနှင့် ဆက်စပ်ထားခြင်းမရှိကြောင်း အင်ဒိုနီးရှား ကာ ကွယ်ရေးဝန်ကြီး ဂျူဝိုနိုဆူဒါဆိုနိုက မြို့တော် ဂျာကာတာ၌ သတင်းထောက်များကိုပြောသည်။

အမေရိကန်နိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံအား အဓိက စစ်လက်နက်ပစ္စည်းရောင်းချသောနိုင်ငံဖြစ်ပြီး အင်ဒိုနီးရှားစစ်တပ်နှင့် ၎င်း၏ ပြည်သူ့စစ်များ လက်ချက်ကြောင့် အရှေ့တီမောပြည်သူ (၁,၀၀၀) ကျော်သေဆုံးခဲ့ရသည့် ၁၉၉၉ ခုတွင် လူ့အခွင့်အရေးရှုထောင့်ဖြင့် လက်နက်ရောင်းချမှုကို ရပ်ဆိုင်း ခဲ့သည်။

ဘာလီကျွန်းတွင် အယ်ကွေးဒါအဖွဲ့နှင့် ဆက်စပ်နေသော ဂျမားအစ္စလမ်မီယာ စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် လူပေါင်း (၂၀၀) ကျော်သေဆုံးခဲ့သည့် ၂၀၀၅ ခုနောက်ပိုင်း၌ အင်ဒိုနီးရှား
သမ္မတ ယွဒ်ဟိုယိုနိုသည် အမေရိကန်၏ အကြမ်းဖက်မှုနှိမ်နင်းရေးစစ်ပွဲများအား ထောက်ခံ ပူးပေါင်းဆောင်ရွက်သူဖြစ်လာခဲ့ပြီး အမေရိကန်ကလည်း လက်နက်ရောင်းချမှုပိတ်ပင်ထားခြင်းကို ပြန်လည်ရုပ်သိမ်းခဲ့သည်။

သို့သော် အငြိမ်းစားဗိုလ်ချုပ်ကြီးဖြစ်သူ သမ္မတ ယွဒ်ဟိုယိုနိုအနေဖြင့် ပြည်တွင်းရှိ  ဖြစ်ပေါ် တိုးပွား လာနေသော အမေရိကန်ဆန့်ကျင်သူ မွတ်စလင်အများစု၏ ဝေဖန်ပြစ်တင်မှုများနှင့် နောက်နောင် လက်နက်ပိတ်ပင်ခံရမှုမှ ရှောင်ရှားနိုင်ရန် ရုရှထံမှ ယခုကဲ့သို့ စစ်ပစ္စည်းများဝယ်ယူရန် ကြိုးစား လာခြင်းဖြစ်သည်။

နှစ်နိုင်ငံအကြား ယခုကဲ့သို့ စစ်ပစ္စည်းရောင်းဝယ်မှုသည် ရုရှနိုင်ငံက အာရှပိစိဖိတ်ဒေသအတွင်း
၎င်း၏ နိုင်ငံရေး၊ စစ်ရေး သြဇာပြန်လည်တည်ဆောက်မှု၏ တစိတ်တပိုင်းဖြစ်ပြီး အမေရိကန်နှင့်
အပြိုင် လက်နက်ဈေးကွက် ထိုးဖောက်ချဲ့ထွင်ခြင်းလည်းဖြစ်သည်ဟု စစ်ရေးအကဲခတ်များက သုံးသပ်ကြသည်။ ရုရှနိုင်ငံ၏ လက်နက်တင်ပို့မှုသည် ယမန်နှစ်က အမေရိကန်ဒေါ်လာ (၆) ဘီလီယံ ကျော်ခဲ့သည်။

ရုရှနှင့် အင်ဒိုနီးရှားသမ္မတတို့သည် အီရတ်၊ မြောက်ကိုရီးယား၊ အီရန် အရေးများကိုလည်း ဆွေးနွေး ခဲ့ပြီး ပူးတွဲထုတ်ပြန်ချက်တွင် “သမ္မတနှစ်ဦးအနေဖြင့် နိုင်ငံတကာနှင့် ဒေသဆိုင်ရာအရေးကိစ္စများကို ဖြေရှင်းရာတွင် ငြိမ်းချမ်းသောနည်းကိုသာသုံးသင့်ကြောင်း၊ အင်အားသုံးဖြေရှင်းခြင်းကို နောက်ဆုံးမှ အသုံးပြုသင့်ပြီး ကုလသမဂ္ဂသဘောတူချက်များအောက်မှသာ သုံးရမည်ဖြစ်ကြောင်း ပြင်းပြစွာ ယုံကြည်သည်” ဟု ဖော်ပြသည်။

သမ္မတပူတင်၏ ယခုခရီးစဉ်တွင် နှစ်နိုင်ငံအစိုးရများအကြား စစ်ပစ္စည်းအပြင် နှစ်နိုင်ငံ ကုမ္ပဏီများ အကြား စွမ်းအင်၊ သတ္တုမိုင်းနှင့် ဆက်သွယ်ရေးကဏ္ဍများတွင်လည်း အမေရိကန်ဒေါ်လာ (၈) ဘီ
လီယံကျော်ဖိုး  ရောင်းဝယ်ရန် လက်မှတ်ရေးထိုးခဲ့ကြသည်။     ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: