လူထုလှုပ်ရှားမှုကိုဦးဆောင်ရန်နှင့် စီအီးစီအဖွဲ့ ပြင်ဆင်ဖွဲ့စည်းရန် မန္တလေးတိုင်းအန်အယ်လ်ဒီမှ တောင်းဆို

ပီတာအောင် / ၇ စက်တင်ဘာ ၂၀၀၇-အကျပ်အတည်းများကြုံတွေ့ခံစားနေရသည့် ပြည်သူလူထု၏ဆန္ဒသဘောထား
များအား ထုတ်ဖော်ပြသနိုင်ရေး အစီအစဉ်များကို ဦးဆောင်စီစဉ်ပေးရန်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြင်ဆင်ဖွဲ့
စည်းပေးရန် မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကိုတောင်း
ဆိုသည်။

ယနေ့ နံနက်က ချမ်းအေးသာဇံမြို့နယ်၌ကျင်းပသည့် အန်အယ်လ်ဒီမြို့နယ် (၁၈) ခုမှ စည်းရုံးရေးအဖွဲ့များနှင့် မန္တ
လေးတိုင်း အန်အယ်လ်ဒီပါတီဝင်များ တွေ့ဆုံဆွေးနွေးပွဲ၌ ဆုံးဖြတ်ချက် (၈) ချက် ချမှတ်ကာ တောင်းဆိုခြင်းဖြစ်
သည်။

ဆုံးဖြတ်ချက်များ၌ နအဖစစ်အစိုးရနှင့်အန်အယ်လ်ဒီတို့ အမြန်ဆုံးတွေ့ဆုံဆွေးနွေးရန်၊ တွေ့ဆုံဆွေးနွေးရေးကို နအ
ဖစစ်အစိုးရက ငြင်းပယ်ပါက လူထုဆန္ဒထုတ်ဖော်သည့် အစီအစဉ်များကိုဦးဆောင်ရန်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းရန်နှင့် ပြီးခဲ့သည့်လက ကုလသမဂ္ဂသို့ပေးပို့ခဲ့သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၉၂) ဦး၏စာ
ကို ထောက်ခံကာ ကိုယ်စားလှယ် များနှင့် ညှိနှိုင်းဆောင်ရွက်ရန် စသည့်အကြံပြုချက်များပါဝင်သည်။

မန္တလေးတိုင်း အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးဘိုဇံက “ကျနော်တို့ ဒိုင်ယာလော့ (တွေ့ဆုံဆွေးနွေးရေး) ကို တောင်းဆိုနေ
တယ်။ အဲ့ဒီဟာကို နအဖက ငြင်းပယ်မယ်ဆိုရင် အခက်အခဲ အကျပ်အတည်းတွေနဲ့ ကုန်ဈေးနှုန်းတွေ ကြီးမြင့်တာကိုခံ
စားနေကြတဲ့ ပြည်သူလူထုတွေ လွတ်လပ်စွာ သဘောထား ဖော်ထုတ်နိုင်ဖို့ အစီအစဉ်တွေကို ဦးဆောင်စီစဉ်ပေးဖို့ စီ
အီးစီကို တိုက်တွန်းတာပါ” ဟု ပြောသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပိုမိုအင်အားကောင်းမွန်လာစေရန်အတွက် ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းသွားရန်တောင်းဆိုခြင်း
ဖြစ်သည်ဟုလည်း ဦးဘိုဇံက ပြောကြားသည်။

လတ်တလော ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသူများအား အာဏာပိုင်များက အကြမ်းဖက်နှိမ်နင်းခဲ့မှုကို မန္တလေးတိုင်း
အန်အယ်လ်ဒီအဖွဲ့က ကန့်ကွက်ရှုတ်ချပြီး ဖမ်းဆီးထိန်းသိမ်းခံနေရသူ အားလုံးကိုလွှတ်ပေးရန်နှင့် အန်အယ်လ်ဒီရုံး
များပြန်ဖွင့်ခွင့်ပေးရန် စစ်အစိုးရကို တောင်းဆိုသည်။

ထိုသို့ မန္တလေးတိုင်းအန်အယ်လ်ဒီ၏တောင်းဆိုချက်များကို လက်ခံရခြင်းမရှိသေးသည့်အတွက် ဗဟိုမှသဘောထားတုံ့
ပြန်ချက်မပေးနိုင်သေးကြောင်း အန်အယ်လ်ဒီ ပြန်ကြားရေးအဖွဲ့ပြောခွင့်ရသူ ဦးဥာဏ်ဝင်းက ပြောသည်။

၎င်းက“မန္တလေးကတင်တာလည်း ကျနော်တို့မတွေ့သေးဘူး။ အီးစီကိုတောင်းဆိုတယ်ဆိုရင် ကျနော်တို့ကအီးစီတွေ
ပြောမှပဲ ပြောလို့ရမယ်။ လောလောဆယ်ကတော့ မသိသေးဘူး။ သူတို့ ပြောမှပဲ ဖြေလို့ရမယ်” ဟု ပြောသည်။

ထိန်းသိမ်းခံနေရသည့် ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအ၀င် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင် ဗဟိုအ လုပ်အမှုဆောင်အဖွဲ့ဝင် (၉) ဦးရှိပြီး ဦးအောင်ရွှေ၊ ဦးလွင်နှင့် ဦးသန်းထွန်း အပါအ၀င် (၇) ဦးက လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: