နအဖစစ်တပ်၏ ရိုင်းပျသည့်လုပ်ရပ်ကို ၀ိုင်းဝန်းရှုတ်ချရန် အေအေပီပီ တိုက်တွန်း

ချမ်းလွန် / ၇ စက်တင်ဘာ ၂၀၀၇-မြန်မာနိုင်ငံရှိ ဆန္ဒပြသည့် သံဃာတော်များကို နအဖစစ်တပ်က ရိုက်နှက်ခြင်း၊ ဖမ်း
ဆီးခြင်းများ ပြုလုပ်နေခြင်းအပေါ် နိုင်ငံတကာမှ သံဃာအဖွဲ့အစည်းများအနေဖြင့် ဆန့်ကျင်ဖိအားပေးကြရန် နိုင်ငံရေး
အကျဉ်းသား များကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အေအေပီပီ-ဘီက တိုက်တွန်းသည်။

အေအေပီပီ-ဘီအနေဖြင့် သံဃာတော်များအပေါ် နအဖစစ်တပ်၏ ရိုင်းပျသည့်လုပ်ရပ်များနှင့် နှိပ်စက်ညှဉ်းပန်းမှုများ
ကို ပြင်းထန်စွာရှုတ်ချကြောင်းနှင့် နှိပ်စက်ညှဉ်းပန်းမှုကျူးလွန်သူများကို ဖော်ထုတ်ပေးပြီး ထိရောက်စွာ အရေးယူပေး
ရန် နအဖစစ်အစိုးရအား ကြေညာချက်ထုတ်ပြန်၍ တောင်းဆိုသည်။

အေအေပီပီ-ဘီ၏ အတွင်းရေးမှူး ဦးတိတ်နိုင်က “ဒါဟာ ဘာသာရေးကို စော်ကားတဲ့ လုပ်ရပ်မျိုး ဖြစ်တဲ့အတွက် နိုင်ငံ
တကာမှာရှိတဲ့ သံဃာ့အဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေအနေနဲ့ဝိုင်းဝန်းရှုတ်ချဖို့ လိုအပ်ပါတယ်” ဟု ပြော
သည်။

ပြီးခဲ့သည့်လ၌ နအဖစစ်အစိုးရက လောင်စာဆီဈေးနှုန်းကို ရုတ်တရက်မြှင့်တင်လိုက်သဖြင့် မြန်မာနိုင်ငံရှိ ဒေသအများ
အပြားတွင်လမ်းလျှောက်ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး ယင်းဆန္ဒပြသူများထဲမှ လူပေါင်း (၁၅၀) ကျော်ကို နအဖအာဏာပိုင်
များက ဖမ်းဆီးထားသည်။

ယခုလ (၅) ရက်တွင်လည်း ပခုက္ကူမြို့ရှိ သံဃာတော်အပါး (၅၀၀) ကျော်တို့က ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် မြို့တွင်းစီတန်းလှည့်လည်ဆန္ဒပြကြရာ နအဖစစ်တပ်က သေနတ်ပစ်ဖောက်၍ တားဆီးခဲ့သည့်အပြင် သံဃာတော်အ
ချို့ကို ရိုက်နှက်ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။

ဦးတိတ်နိုင်က “ဒါဟာ လူ့အခွင့်အရေးချိုးဖောက်မှုရဲ့ အမြင့်ဆုံးဖြစ်တယ်။ မြန်မာပြည်မှာက ဗုဒ္ဓဘာသာတွေအများစု
နေထိုင်တဲ့နိုင် ငံဖြစ်တယ်။ အဲဒီလို အခြေနေမျိုးတောင်မှ သာသနာရေးတာဝန်တွေကို ထမ်းဆောင်နေတဲ့ သံဃာတော်
တွေကို ဒါမျိုးလုပ်တယ်ဆိုတော့ ဒါဟာ တော်တော်ကို မိုက်ရိုင်းတဲ့လုပ်ရပ်တွေဖြစ်တယ်။ လူမဆန်တဲ့ လုပ်ရပ်တွေဖြစ်
တယ်” ဟု ပြောသည်။

ယခုထုတ်ပြန်သည့် သဘောထားထုတ်ပြန်ကြေညာချက်အား နိုင်ငံတကာရှိ သံဃာအဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့
စည်းများ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ အစိုးရများနှင့် ကုလသမဂ္ဂအဖွဲ့ချုပ်သို့ ပေးပို့ထားကြောင်း ဦးတိတ်နိုင်က
ပြောသည်။

မြန်မာနိုင်ငံတွင် ၁၉၈၈ ခုမှစ၍ ယခုချိန်ထိ သံဃာတော်ပေါင်း (၅၀၀) ကျော် နအဖစစ်အစိုးရ၏ ဖမ်းဆီးခြင်းခံရပြီး
၂၀၀၄ ခု နိုဝင်ဘာ အစီရင်ခံစာအရ အကျဉ်းထောင်နှင့် ရဲဘက်စခန်းများတွင် သံဃာတော် (၁၉) ပါးပျံလွန်တော်မူခဲ့
ကြောင်း အေအေပီပီ-ဘီက ပြောသည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: