ကုလသမဂ္ဂ ကြားဝင်ဆောင်ရွက်ပေးရန် ၈၈ မျိုးဆက်ကျောင်းသားများတောင်းဆို

NEJ / ၇ စက်တင်ဘာ ၂၀၀၇-ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ ဦးတည်ပြီး ၈၈ မျိုးဆက်
ကျောင်းသားများက ယမန်နေ့က စာပေးပို့လိုက်ကြောင်းသိရသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆှောင် ကိုဌေးကြွယ်က “ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးကနေပြီးတော့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တခုကို ချမှတ်ပေးနိုင်ဖို့၊ ပြီးတော့ မစ္စတာဂမ်ဘာရီကို သူ့ရဲ့ပုံမှန်ခရီးစဉ်အနေနဲ့
မြန်မာနိုင်ငံကို အမြန်ဆုံးစေလွှတ်ပေးဖို့၊ ပြီးတော့ မြန်မာနိုင်ငံမှာ တကယ့်လက်တွေ့ကျတဲ့ နိုင်ငံရေးဖြေရှင်းမှုတွေဖြစ်
အောင် ကုလသမဂ္ဂအနေနဲ့ကြားဝင်ဆောင်ရွက်ပေးဖို့အတွက်ကို ကျနော်တို့ ၈၈ မျိုးဆက်ကျောင်းသားများက စာတ
စောင် ပေးပို့တာဖြစ်ပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် သြဂုတ် (၁၉) တွင် ၈၈ မျိုးဆက်ကျောင်းသားများဦးဆောင်သည့် ပြည်သူများက လောင်စာဆီဈေးနှုန်းကျ
ဆင်းရေးတောင်းဆိုသည့်အနေဖြင့် ကုက္ကိုင်းမှ တာမွေဈေးအထိ လမ်းလျှောက်ဆန္ဒပြခဲ့သဖြင့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး
နှင့်ကိုမင်းဇေယျအပါအ၀င် ကျောင်းသား ခေါင်းဆောင် (၁၃) ဦးအား နအဖအာဏာပိုင်များက သြဂုတ် (၂၁) ညသန်း
ခေါင်တွင် နေအိမ်များတွင် ၀င်ရောက်ရှာဖွေဖမ်းဆီးခဲ့သည်။

ယင်းသို့ရှာဖွေဖမ်းဆီးရာတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်နှင့် အချို့မှာ လွတ်မြောက်ခဲ့သော်
လည်း ယနေ့တိုင် နအဖအာဏာပိုင်များ၏ ပိုက်စိပ်တိုက်ရှာဖွေခြင်းကို ခံနေရသည်။

သြဂုတ် (၁၉) နောက်ပိုင်းတွင် လောင်စာဆီဈေးနှုန်းကျဆင်းရေး၊ ကုန်ဈေးနှုန်းကျဆင်းရေးတောင်းဆိုသော ငြိမ်းချမ်း
စွာလူထုလမ်းလျှောက်ဆန္ဒပြပွဲများ မြန်မာနိုင်ငံ မြို့အတော်များများတွင် ဆက်လက်၍ နေ့စဉ်ဆိုသလိုဖြစ်ပေါ်နေသည်။

ထိုသို့ဖြစ်ပွားနေသည့် ဆန္ဒပြပွဲများအနက် စက်တင်ဘာ (၅) တွင် ပခုက္ကူ၌ သံဃာတော်အပါး(၅၀၀) ကျော်တို့က ကုန်
ဈေးနှုန်းကျဆင်းရေး မြို့တွင်းလှည့်လှည်ဆန္ဒပြကြရာတွင် စစ်တပ်ကသေနတ်ဖောက်ကာ ဆန္ဒပြမှုကို ဖြိုခွင်းခဲ့ပြီး ကြံ့ဖွံ့
နှင့်စွမ်းအား ရှင်အဖွဲ့ဝင်များက သံဃာတော်များအား ဖမ်းဆီးရိုက်နှက်ခဲ့မှုဖြစ်ပွားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကိုဌေးကြွယ်က “ဒီလိုအစိုးရကနေပြီးတော့ လက်သပ်မွေးထားတဲ့ စွမ်းအားရှင်တို့ ကြံ့ဖွံ့တို့
ဆိုတဲ့ပုဂ္ဂိုလ်တွေဟာ လူမှုရေးအဖွဲ့အစည်းမဟုတ်တော့ဘူး၊ အစိုးရရဲ့ လက်ကိုင်တုတ် သီးခြားတွေဖြစ်ကုန်ပြီ။ သံဃာ
တော်ကိုတောင်မှ ကြိုးတုပ်ပြီးတော့ ပါးရိုက်ရဲတဲ့ အထိကို မိုက်ရိုင်းစော်ကားလာပြီဆိုလို့ရှိရင် ကျနော်တို့နိုင်ငံရဲ့ အမျိုး
ဘာသာ သာဿနာတခုလုံး အတွက်ကို ကျနော်တို့ပြည်သူဟာ သည်းခံတော့မှာမဟုတ်ဘူး၊ အဲဒီလိုပဲ လက်နက်အား
ကိုးနဲ့လူထုကို ခြိမ်းခြောက်ပြီးတော့ အုပ်ချုပ်လို့ရတယ်ဆိုတဲ့ အာဏာရှင်ကို ကျနော်တို့လူထုက လက်မခံတော့ဘူး။ ဒီ
လို ကျူးလွန်စော်ကားမှုတွေကို ကျနော်တို့ဟာ ပြတ်ပြတ်သားသား တုံ့ပြန် သွားတော့မှာဖြစ်တယ်ဆိုတာကို ကျနော်တို့
ပြောချင်တယ်” ဟု ပြောသည်။

ယခုအခါကျန်ရှိနေသေးသည့် ဆန္ဒပြရာတွင်ပါဝင်လှုပ်ရှားခဲ့သူများကို စသုံးလုံးသာမက ဒေသဆိုင်ရာကြံ့ဖွံ့များ၊စွမ်းအား
ရှင် အုပ်စုများနှင့် ဒုစရိုက်နှိမ်နင်းရေးအဖွဲ့၊ ရာဇ၀တ်မှုစုံစမ်းစစ်ဆေးရေးဌာန စသည့်တပ်ဖွဲ့များပေါင်းပြီး စစ်ဆင်ရေး
ပုံစံမျိုး လိုက်လံရှာဖွေနေကြောင်း ၈၈ မျိုးဆက် ကျောင်းသားများက ပြောသည်။ ။

Leave a comment