ဟောလီးဝုဒ် နာမည်ကြီးသရုပ်ဆောင်များက ဒေါ်စုလွတ်မြောက်ရေး ကုလသမဂ္ဂသို့ တောင်းဆို

Reuters / ၆ စက်တင်ဘာ ၂၀၀၇-မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
လွတ်မြောက်ရေးအတွက်ကူညီရန် ဂျင်မ်ကာ ရေး၊ ဒပ်စ်တင်းဟော့ဖ်မန်းနှင့်ရော်ဘင်ဝီလီယမ်စ်
တို့ အပါအ၀င် ဟောလီးဝုဒ် နာမည်ကြီးသရုပ်ဆောင်(၂၅) ဦးကျော်က ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့
ချုပ်အား တိုက်တွန်းလိုက်သည်။ဟောလီးဝုဒ် နာမည်ကြီးသရုပ်ဆောင်များ လက်မှတ်ဝိုင်းဝန်း
ရေးထိုးထားသည့် စာတစောင်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံပေးပို့ပြီး နေ
အိမ် အကျယ်ချုပ်တွင် အချိန်ကြာမြင့်စွာ ချုပ်နှောင်ခံနေရသည့် ဒေါ်အောင်ဆန်းစုကြည် ချက်
ချင်းလွတ်မြောက်ရေးအတွက် ကိုယ်တိုင်ကြားဝင်ဆောင်ရွက်ပေးရန် ယမန်နေ့က တောင်းဆို
သည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ သြဇာတိက္ကမနဲ့ပြည့်စုံတဲ့ခေါင်းဆောင်တယောက်သာမက မြန်မာ
လူထုကရွေးကောက်တင်မြောက်ထားတဲ့ခေါင်းဆောင်ဖြစ်တယ်” ဟု ရေးသားဖော်ပြထားသည့်
ယင်းစာတွင် အိုဝင် ၀ယ်လ်ဆင်၊ ဆူဆန် ဆာရန်ဒွန်၊ ဂျနီဖာ အနစ္စတန်နှင့် အိုင်းရစ်အဆိုတော်
ဒါမီယန်ရိုက်စ်တို့လည်း ပါဝင်လက်မှတ်ထိုးကြသည်။ ယင်းတို့ထဲမှ ဒါမီယန်ရိုက်စ်သည် ဒေါ်
အောင်ဆန်းစုကြည်အား ယခင်ကတည်းက ထောက်ခံသူတဦးဖြစ်သည်။

ယင်းစာတွင် “အများက မြန်မာနိုင်ငံရဲ့ နယ်လ်ဆင်မန်ဒဲလ်လားလို့ခေါ်တဲ့ ဒီ ရဲဝံ့တဲ့၊ သတ္တိရှိတဲ့
အမျိုးသမီးဟာ ပြန်လည်လွတ်မြောက်သင့်ပြီး စစ်အစိုးရအနေနဲ့ လူထုတွေအပေါ် တိုက်ခိုက်
နှိမ်နင်းမှုတွေ ပြုလုပ်နေတာကို ရပ်တန့်သင့်တယ်” ဟု ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် အဆိုပါနာမည်ကြီးဟောလီးဝုဒ်သရုပ်ဆောင်
များစုပေါင်းလက်မှတ်ထိုးသည့် လှုပ်ရှားမှုကို ၀ါရှင်တန်တွင်အခြေစိုက်သည့် လူ့အခွင့်အရေး
လှုပ်ရှားဆောင်ရွက်ရေးအဖွဲ့နှင့် ယူအက်စ်ကန်ပိန်းဖော်ဘားမားတို့က ဦးဆောင်ပြုလုပ်ခြင်းဖြစ်
သည်။

မြန်မာနိုင်ငံတွင်းရှိ စစ်အစိုးရအဖွဲ့က ဒီမိုကရေစီရေးလှုပ်ရှားသူများအပေါ် တိုက်ခိုက်ချေမှုန်းနေ
ခြင်းကိုစိုးရိမ်ပူပန်ကြောင်း အမေရိကန်သမ္မတဂျော့ခ်ျဒဘလျူဘုရှ်၏ဇနီး လော်ရာဘုရှ်ကလည်း
ပြီးခဲ့ သည့်အပတ်တွင် ဘန်ကီမွန်းထံသို့ ကိုယ်တိုင် ဖုန်းဆက်၍ ပြောဆိုခဲ့သည်။

ထို့ပြင် ယမန်နေ့ကလည်း အိမ်ဖြူတော်၌ သတင်းထောက်အဖွဲ့တဖွဲ့နှင့်တွေ့ဆုံရာတွင် ယခုလ
နှောင်းပိုင်း၌ကျင်းပမည့် ကုလသမဂ္ဂအထွေအထွေညီလာခံတွင် မြန်မာနိုင်ငံအရေးကို မြှင့်တင်
ဆွေးနွေးမည်ဖြစ်ကြောင်း လော်ရာဘုရှ်က ပြောသည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: