လောင်စာဆီဈေးတက်သဖြင့် တက္ကစီဒရိုင်ဘာများ အခက်တွေ့

NEJ / ၆ စက်တင်ဘာ ၂၀၀၇-စစ်အစိုးရကလောင်စာဆီဈေးနှုန်း တိုးမြှင့်သတ်မှတ်ခဲ့သည့် သြဂုတ် (၁၅) ရက်မှစတင်
ပြီး တက္ကစီစီးသူ သိသိသာသာ နည်းသွားသောကြောင့် တက္ကစီဆွဲစားသူများ ၀င်ငွေကျဆင်းလာနေကြောင်း ရန်ကုန်မှ တက္ကစီဒရိုင်ဘာများက ပြောသည်။

လောင်စာဆီဈေးတက်သဖြင့် စီအန်ဂျီဖြင့်မောင်းသည့် တက္ကစီများ ယခင်ထက် စီအန်ဂျီထည့်ခစရိတ် တနေ့လျှင် ကျပ်
(၂,၀၀၀) ကျော် ပိုကုန်နေပြီး တက္ကစီစီးသူအရေအတွက်ကလည်း သိသိသာသာ နည်းသွားသဖြင့် အုံနာခပြည့်အောင်
ပင် မနည်းရှာရသည်ဟု ရန်ကုန်မြို့လယ်မှ တက္ကစီဒရိုင်ဘာ တဦးက ပြောသည်။

၎င်းက “ဒီလိုဝင်ငွေကျသွားလို့ တက္ကစီအုံနာတွေကလည်း အုံနာခကို အရင်ကထက် ဈေးနှုန်းလျှော့ချပေးကြပါတယ်။
ဒါပေမယ့် တက္ကစီစီးသူ နည်းလွန်းတော့ တစီးနဲ့တစီးလူရအောင် အပြိုင်မောင်းရတာ၊ ကားငှားသူတွေ့ရင် အပြိုင်အ
ဆိုင်မေးပြီး ဆစ်တဲ့ဈေးနဲ့ ရအောင်လိုက်ကြရတာ၊ အဲဒီလိုကြိုးစားဆွဲနေတာတောင် နေ့တွက်မကိုက်ဘူး” ဟု ပြော
သည်။

လောင်စာဆီဈေးမတက်ခင်က စီအန်ဂျီတက္ကစီကားများ၏ တနေ့အုံနာခသည် ကျပ် (၁၅,၀၀၀)ဖြစ်ပြီး ယခုနောက်
ပိုင်း ကျပ် (၁၃,၀၀၀) မှ အချို့ ကျပ် (၁၂,၀၀၀) အထိ လျှော့ချပေးခဲ့ကြောင်း၊ အလားတူ ဒီဇယ်၊ ဓာတ်ဆီနှင့်ပြေး
ဆွဲသည့် တက္ကစီကားပိုင်ရှင်များကလည်း အုံနာခ တနေ့ ကျပ် (၁၀,၀၀၀) မှ ကျပ် (၈,၀၀၀) အထိ လျှော့ချပေးခဲ့
ကြောင်းသိရသည်။

စီအန်ဂျီကား တက္ကစီဒရိုင်ဘာတဦးက “ကျနော်ဆို တနေ့အတွက် အုံနာခက ကျပ် (၁၂,၀၀၀)၊ စီအန်ဂျီဖြည့်ခက
ကျပ် (၃,၀၀၀)၊ စုစုပေါင်း ကျပ် (၁၅,၀၀၀) ကုန်တယ်၊ ကျနော့်အတွက် တနေ့ကျပ် (၂၀,၀၀၀) ကျော်ရမှ တွက်
ခြေကိုက်မယ်။ ဒါ့အပြင် ကားအတွက် အသေးစားပြုပြင်မှုနဲ့ ယာဉ်ထိန်းရဲတွေ ငွေညှစ်တာကိုလည်း ခံရအုံးမယ်” ဟု
ပြောသည်။

ဒီဇယ်တက္ကစီသမားများမှာမူ အုံနာကြေးနှင့်ဆီဖိုးအပါအ၀င် တနေ့အတွက် ကျပ် (၁၈,၅၀၀) အရင်းရှိကြောင်း ၎င်းက
ပြောသည်။

ကုန်ကျစရိတ်မြင့်မားလာပြီး တက္ကစီစီးသူ နည်းလာသည့်အတွက် ၀င်ငွေကျဆင်းလာသည့်အပြင် တဘက်မှလည်း အထွေထွေကုန်ဈေးနှုန်း ကြီးမြင့်နေသောကြောင့် အချို့တက္ကစီကားဒရိုင်ဘာများ အခြားအလုပ် ပြောင်းလဲလုပ်ကိုင်
နေကြကြောင်း သိရသည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: