ပခုက္ကူမြို့၌ သံဃာတော်များက အာဏာပိုင်များကို ခေတ္တထိန်းသိမ်းပြီး ကားများကို မီးရှို့ဖျက်ဆီး

ပီတာအောင် / ၆ စက်တင်ဘာ ၂၀၀၇-ပခုက္ကူမြို့၌သံဃာတော်များက အာဏာပိုင်များ၏ကား (၄) စီးကို မီးရှို့ဖျက်ဆီး
ပစ်လိုက်ပြီးအာဏာပိုင်များကိုလည်း ဘုန်းကြီးကျောင်း၌ခေတ္တထိန်းသိမ်းထားကာ ပြန်လွှတ်ပေးလိုက်သည်ဟု ပခုက္ကူ
မြို့ခံများထံမှ သိရသည်။

ယမန်နေ့က ပခုက္ကူမြို့၌ ဖြစ်ပွားခဲ့သည့် သံဃာတော်များ၏ ဆန္ဒပြပွဲနှင့်ပတ်သက်၍ ဆန္ဒပြရာ၌ပါဝင်သည့် ဘုန်းကြီး
ကျောင်းများသို့ အာဏာပိုင်များက သွားရောက်သတိပေးစဉ် မဟာဝိသုတာ ရာမကျောင်းတိုက် (အလယ်တိုက်) ၌
အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ခယက ဥက္ကဋ္ဌ ဦးတင်မောင်စိုး၊ မယကဥက္ကဋ္ဌ ဦးသိန်းဆွေ၊ တိုင်းနှင့်မြို့နယ်သာသနာရေးဦးစီးဌာနမှတာဝန်ရှိသူ (၂၀)
ခန့်ကို သံဃာတော်များကကျောင်းတံခါးပိတ်ကာဖမ်းဆီးခဲ့ပြီး ၎င်းတို့၏ကားများကို ယနေ့နံနက် (၉) နာရီခန့်မှ စတင်
ကာ မီးရှို့ဖျက်ဆီးလိုက်သည်ဟု မြို့ခံတဦးက ပြောသည်။

၎င်းက “သံဃာတွေက ကားတွေကို တစီးပြီးတစီးမီးရှို့ပစ်လိုက်တယ်။ ရှို့ပြီးတဲ့ ကားတွေက ဇ/ ၃၈၈၆၊ ဆ/၁၁၈၈၊
ဓ/ ၁၁၉၁၊ ၄က/ ၅၇၃၇ ကားလေးစီးကတော့ကုန်သွားပြီ။ သုံးစီးကဂျစ်ကား၊ တစီးက ဆူပါစလွန်း၊ အရပ်ဘက်ကားက
(၁) စီးပါတယ်၊ သူတို့ဝင်လာတဲ့အချိန်မှာ ပိတ်ပြီးတော့ သူတို့ကိုဖမ်းထားလိုက်တယ်။ ဘာဆက်လုပ်မယ်ဆိုတာ မသိ
သေးဘူး” ဟုပြောသည်။

ယမန်နေ့ဆန္ဒပြပွဲ၌ သံဃာတော်အချို့ ရိုက်နှက်ဖမ်းဆီးခံရသည်ကို မကျေနပ်သည့်အတွက်ကားများ မီးရှို့ဖျက်ဆီးပစ်
ခြင်းဖြစ်ပြီး မြို့ခံလူထုက လက်ခုပ်တီးအားပေးခဲ့ကြသည်ဟု မြို့ခံတဦးက ပြောသည်။

ထိန်းသိမ်းထားသည့်အာဏာပိုင်များကို သံဃာတော်များက ညနေပိုင်း၌ ပြန်လွှတ်ပေးလိုက်သည်ဟု ဘုန်းကြီးကျောင်း
အနီး စောင့်ကြည့်ခဲ့သူတဦးက ပြောသည်။

၎င်းက “သူတို့တွေကားနဲ့မောင်းထွက်သွားတာတော့ မြင်လိုက်တယ်။ ဘယ်လိုညှိနှိုင်းမှုတွေလုပ်လိုက်လဲတော့ကျနော်
မသိဘူး။ (၄) နာရီလောက်မှာ ကျောင်းအနောက်ပေါက်ကနေ ထုတ်ပြီး တော့လွှတ်ပေးလိုက်တာ။ အရပ်ကားတစီးနဲ့ ရိုးရိုးရိန်းဂျားကားနဲ့ ထုတ်သွားတယ်” ဟု ပြောသည်။

ယမန်နေ့က သံဃာတော်အပါး (၅၀၀) ကျော်တို့ ကုန်ဈေးနှုန်းကျဆင်းရေးအတွက်မြို့ပေါ်၌ငြိမ်းချမ်းစွာစီတန်းလှည့်
လည်ဆန္ဒပြ သည်ကို စစ်တပ်က သေနတ်မိုးပေါ်ထောင်ပစ်ကာ လူစု ခွဲခဲ့သည်။

ယမန်နေ့က ဖမ်းဆီးခံရသည့် မဟာဗောဓိမဏ္ဍိုင် ကျောင်းတိုက်မှ ဦးစန္ဒိမာ၊ ဓာတ်တိုင်တွင် ကြိုးတုပ်ခံရသည့် အ
နောက်တိုက်မှ ဦးပညာစက္ကနှင့် ဦးပညာနန္ဒတို့ ပြန်လည်လွတ်မြောက် သွားပြီဖြစ်ကြောင်း၊ မြို့ပေါ်၌ စစ်တပ်များ ရောက်လာခြင်းမရှိသေးဘဲ ရဲများက အရပ်ဝတ်ဖြင့် သွားလာနေကြောင်း မြို့ခံများက ပြောသည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: