မြန်မာအစိုးရ၏အပြုအမူများ ခွင့်လွှတ်နိုင်စရာမရှိဟု အမေရိကန်သမ္မတဘုရှ်ပြောကြား

Agencies / ၅ စက်တင်ဘာ ၂၀၀၇- အာရှပစိဖိတ်ဒေသအတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ထိပ်သီးညီ
လာခံ (အေပက်) သို့ တက်ရောက်နေသည့် ခေါင်းဆောင်များကို သမ္မတဘုရှ်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်
အောင်ဆန်း စုကြည်အား ဆက်လက်ထိန်းသိမ်းထားသည့် မြန်မာစစ်အစိုးရကို ရှုတ်ချဝေဖန်ရန်တိုက်တွန်းလိုက်သည်။

“အာရှဒေသတွင်းမှာ ဒီလိုရက်စက်ဖိနှိပ်တဲ့ အပြုအမူမျိုးတွေရှိနေတာဟာ ခွင့်မလွှတ်နိုင်စရာပါ” ဟု အမေရိကန်သမ္မတ ဂျော့ဒဘလျူဘုရှ်က သြစတြေးလျဝန်ကြီးချုပ် ဂျွန်ဟေးဝတ်နှင့် ပူးတွဲပြုလုပ်သည့် ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခြင်းဖြစ်သည်။

သမ္မတဘုရှ်သည် သြစတြေးလျနိုင်ငံဆစ်ဒနီမြို့တွင်ကျင်းပသည့် အာရှပစိဖိတ် စီးပွားရေးဆိုင်ရာထိပ်သီးညီလာခံတက်
ရောက်ရန် ပြီးခဲ့သည့်အင်္ဂါနေ့တွင် ရောက်ရှိနေခြင်းဖြစ်သည်။

“လွတ်လပ်မှုအတွက် ချီတက်တောင်းဆိုဆန္ဒပြသူတွေကို အစိုးရကနှိပ်ကွပ်နေတာဟာ ခွင့်မလွှတ်နိုင်စရာပါ”ဟုလည်း
၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ယခင်လအတွင်း၌ စစ်အစိုးရက လောင်စာဆီဈေးနှုန်းများ ရုတ်တရက် တိုးမြှင့်လိုက်သည့်အချိန်မှစ၍ ဆန္ဒပြမှုများဖြစ်ပွားနေရာ စစ်အစိုးရက ကြံ့ဖွံ့နှင့် စွမ်းအားရှင်အဖွဲ့ဝင်များကို သုံးကာ ဆန္ဒပြသူများကို ရိုက်နှက်ဖမ်းဆီး
မှုများ ပြုလုပ်ခိုင်းနေသည်။

“လွတ်လပ်တဲ့လူမှုအသိုင်းအ၀န်းအတွင်းမှာနေထိုင်ကြရတဲ့ ကျနော်တို့တွေအနေနဲ့ အခုလိုမျိုးလူ့အခွင့်အရေးချိုးဖောက်
မှုတွေ ကို ဖော်ထုတ်ပြောဆိုဖို့ လိုအပ်ပါတယ်” ဟု သမ္မတဘုရှ်ကပြောသည်။

အေပက်ထိပ်သီးညီလာခံသို့ တက်ရောက်နေသည့် ခေါင်းဆောင်များနှင့်တွေ့ဆုံကာ မြန်မာနိုင်ငံနှင့် ပတ်သက်သည့်ကိစ္စ
များကို တင်ပြဆွေးနွေးသွားမည်ဟုလည်း ၎င်းက ပြောသည်။

အာရှပစိဖိတ် စီးပွားရေးဆိုင်ရာထိပ်သီးညီလာခံ (အေပက်) တွင် အရှေ့တောင်အာရှ (၁၀) နိုင်ငံ အပါအ၀င် အမေရိ
ကန်၊ တရုတ်၊ ဂျပန်နှင့် ရုရှနိုင်ငံတို့ တက်ရောက်ကြသည်။ ။

%d bloggers like this: