ဟတ်ကြီးရေကာတာစီမံကိန်းမှ ထိုင်းလေ့လာရေးလုပ်ငန်းများ ရပ်ဆိုင်းထား

ချမ်းလွန် / ၅ စက်တင်ဘာ ၂၀၀၇-ထိုင်းအစိုးရပိုင် ထိုင်းလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးဌာန (EGAT) က ၎င်းတို့၏
လုံခြုံရေး စိတ်ချရချိန်အထိ သံလွင်မြစ်ရေကာတာတည်ဆောက်မှုစီကိန်း လေ့လာတိုင်းထွာရေးလုပ်ငန်းများကိုရပ်ဆိုင်း
ထားရန်ဆုံးဖြတ်လိုက်သည်။

EGAT ဌာနအကြီးအကဲ ခရိုင်စီကန်နာဆူတားက ၎င်းတို့၏အလုပ်သမားတဦးအတိုက်ခိုက်ခံရပြီး သေဆုံးသွားသဖြင့်
ဟတ်ကြီးရေကာတာ စီမံကိန်းတွင် ၎င်းတို့ဘက်မှ ပါဝင်လုပ်ကိုင်နေမှုများကို အကန့်သတ်မရှိ ရပ်ဆိုင်းထားမည်ဖြစ်
ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။

ပြီးခဲ့သည့်တနင်္ဂနွေနေ့ ည (၇) နာရီခန့်တွင် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ကမမောင်းကျေးရွာ အထက်ပိုင်းဟတ်ကြီး
ရေကာတာတည်ဆောက်ရေးလုပ်ငန်းခွင်ရှိ EGATမှ ထိုင်းအလုပ်သမားများ စခန်းချထားသည့်နေရာသို့ အမည်မသိအ
ဖွဲ့က ပစ်ခတ်တိုက်ခိုက်သဖြင့် စမန်ကျန်မင်ဆိုသူ အသက် (၅၄) နှစ်အရွယ် ထိုင်းလူမျိုးတဦးသေဆုံးခဲ့သည်။

ယင်းဟတ်ကြီးရေကာတာစီမံကိန်းလုပ်ငန်းခွင်၌ ယခုကဲ့သို့ သေဆုံးခြင်းသည် ဒုတိယမြောက် သေဆုံးခြင်းဖြစ်ပြီး ပြီးခဲ့
သည့်နှစ် မေလတွင်လည်း EGATမှ ထိုင်းလူမျိုးတဦး မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့သည်။

နအဖစစ်အစိုးရက အဆိုပါတိုက်ခိုက်မှုကို ကရင်အမျိုးသားအစည်းအရုံးး (KNU) က လက်နက်ကြီး များဖြင့်ပစ်ခတ်ခဲ့
ကြောင်း သတင်းများတွင် ဖော်ပြသည်။

KNU က ယင်းစွပ်စွဲချက်ကို ငြင်းဆိုလိုက်ပြီး အဆိုပါရေကာတာတည်ဆောက်သည့်ဒေသသည်လုံခြုံရေးအတွက် နအဖ
တပ်ရင်းများ ထူထပ်စွာချထားသည့်အပြင် ဒီကေဘီအေဌာနချုပ်ဖြစ်သည့် မြိုင်ကြီးငူနှင့်လည်း နီးစပ်သဖြင့် သွားရောက်
တိုက်ခိုက်ရန် မလွယ်ကူသည့်နေရာဖြစ်ကြောင်း၊ ယင်းတိုက်ခိုက်မှုကို နအဖကသာ ဖန်တီးခြင်းဖြစ်ကြောင်း ပြောသည်။

ယခုလက်ရှိတွင် ထိုင်းအစိုးရပိုင် EGATက ၎င်း၏ အလုပ်သမားများအားလုံးကို ဟတ်ကြီးရေကာတာ ဆောက်လုပ်ရေး
လုပ်ငန်းခွင်မှ ပြောင်းရွှေ့ရုပ်သိမ်းလိုက်ပြီဖြစ်သည်။

ဟတ်ကြီးရေကာတာ တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများသည် နောက်ဆုံးအဆင့်ထိ ရောက်ရှိ နေပြီး ထိုင်းတာဝန်ရှိ
သူများအဖွဲ့က သုတေသနများနှင့် တိုင်းထွာမှုများကို အသေးစိတ်ပြန်လည်ပြု လုပ်နေကြောင်းဟတ်ကြီးရေကာတာတည်
ဆောက်ရာဒေသတွင် လူထုပညာပေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ကရင်မြစ်ကြောင်းစောင့်ကြည့်ရေးအဖွဲ့က ပြော
သည်။

ထို့ကြောင့် ရေကာတာစီမံကိန်းတည်ဆောက်ရေးရှိ ၎င်းတို့၏အလုပ်သမားများကို ထိုင်းဘက်မှ ရွှေ့ပြောင်းလိုက်ပြီးလုပ်
ငန်းများကို ရပ်ဆိုင်းလိုက်သော်လည်း ရေကာတာတည်ဆောက်မှုစီမံကိန်းကို တစုံတရာထိခိုက်ဖွယ်မရှိကြောင်းကရင်မြစ်
ကြောင်း စောင့်ကြည့်ရေးအဖွဲ့၏ ဒု-တာဝန်ခံ စောကညောက ပြောသည်။

၎င်းက “အချိန်ကြန့်ကြာမှုကတော့ဖြစ်နိုင်တယ်၊ ဒါပေမယ့် အကုန်လုံးရပ်ဆိုင်းသွားဖို့ကတော့မဖြစ်နိုင်ဘူးလို့ကျနော်ထင်
တာပဲ။ ဘာဖြစ်လဲဆိုတော့ သူတို့က သဘောတူညီချက်လက်မှတ်တွေလည်း ထိုးထားပြီးပြီဆိုတော့ အခြေအနေကာလ
တခု အတောအတွင်းမှာပဲ ယာယီရပ်ဆိုင်းတဲ့ အနေအထားလောက်တော့ ဖြစ်နိုင်တယ်” ဟု ပြောသည်။

အမေရိကန်ဒေါ်လာ (၁) သန်းတထောင် ကုန်ကျသည့် မြန်မာစစ်အစိုးရနှင့် ထိုင်းအစိုးရတို့၏ သဘောတူညီမှုအောက်
တွင်လုပ်ကိုင်နေသည့် ယင်းရေကာတာစီမံကိန်းမှထွက်ရှိသည့် လျှပ်စစ် ဓာတ်အားများကို EGAT က (၁,၅၀၀) မီဂါဝပ် ၀ယ်ယူမည်ဖြစ်သည်။

ထိုင်းနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများမှ လျှပ်စစ်ဓာတ်အားကိုဝယ်ယူရန်သဘောတူထားပြီးလာအိုမှ (၅,၀၀၀) မီဂါဝပ်၊
မြန်မာနိုင်ငံမှ (၁,၅၀၀) မီဂါဝပ်၊ တရုတ်နိုင်ငံမှ (၃,၀၀၀) မီဂါဝပ်နှင့် မလေးရှားနိုင်ငံမှ (၃၀၀) မီဂါဝပ်တို့ ဖြစ်သည်။

ယခုလက်ရှိတွင် လာအိုနှင့် မလေးရှားနိုင်ငံတို့မှပေးပို့သော လျှပ်စစ်ဓာတ်အား စုစုပေါင်း (၆၀၀)မီဂါဝပ်ကို ထိုင်းနိုင်ငံက
လက်ခံ ရရှိထားသည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: