ဘိုကလေးမြို့၌ ပြည်သူလူထုဆန္ဒပြ လူလာဖမ်းသည့်အာဏာပိုင်တို့ မောင်းထုတ်ခံရ

NEJ/ ၅ စက်တင်ဘာ ၂၀၀၇-ယနေ့နံနက်က ဧရာဝတီတိုင်း ဘိုကလေးမြို့၊ မြို့မဈေးအနီး၌ ကုန်ဈေးနှုန်းကျဆင်းရေး
ဆန္ဒပြပွဲ ဖြစ်ပွားခဲ့ပြီး ဆန္ဒပြပွဲဦးဆောင်သူတဦး ဖမ်းဆီးခံထားရသည်ဟု ဘိုကလေးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့
ချုပ် ပါတီဝင်တဦးက ပြောသည်။

ယနေ့နံနက်(၉) နာရီခန့်၌ ဘိုကလေးမြို့နယ် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးအောင်ခင်ဗိုလ် ဦးဆောင်သည့် ပါတီဝင် (၁၅)
ဦးတို့က ကုန်ဈေးနှုန်းကျဆင်းရေး၊ လောင်စာဆီဈေးနှုန်းကျဆင်းရေးနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး
အကျဉ်းသားများလွှတ်ပေးရေး ပိုစတာများကိုင်ဆောင်ကာ မြို့မဈေးအနီး ဖျာပုံသင်္ဘောဆိပ်မှစတင်ကာ လမ်းလျှောက် ဆန္ဒပြကြခြင်းဖြစ်သည်။

ဆန္ဒပြသူများ ဂန္ဓမာလက်ဖက်ရည်ဆိုင်၌ ရပ်နားသည့်အချိန်တွင် ဒိုင်နာကားတစီးနှင့် ကြံ့ဖွံ့၊ မယကနှင့် ရဲတပ်ဖွဲ့ဝင်
များရောက်လာပြီး ဆန္ဒပြသည့် ဦးအောင်ခင်ဗိုလ်ကို မယကရုံးးသို့ ခေါ်သွားကြောင်း၊ ခေါ်သွားသည့်အချိန်တွင် ကျန်
သည့်သူများက မကျေနပ်ကြသောကြောင့်ဟောပြောပွဲများ လုပ်ကြကြောင်း ဆန္ဒပြသူများနှင့်အဆက်အသွယ်ရှိသူတ
ဦးက ပြောပြသည်။

ဘိုကလေးမြို့နယ် အန်အယ်လ်ဒီ စည်းရုံးရေးအဖွဲ့ဝင် ဒေါ်မိမိစိန်နှင့် ဒေါ်ခင်လေးတို့က ဈေးအနီး၌ လူထုကို ဟော
ပြောခဲ့ပြီး မြို့ခံလူထု (၁) ထောင်ခန့်ကလက်ခုပ်တီးအားပေးကြကြောင်း၊ ဟောပြောနေစဉ် နံနက် (၁၁) နာရီခန့်၌
အာဏာပိုင်များက ဒိုင်နာကားဖြင့် ထပ်မံရောက်ရှိလာပြီး ဘိုကလေး မြို့နယ် အန်အယ်လ်ဒီတွဲဖက်အတွင်းရေးမှူး ဦး
ခင်မောင်ချစ်ကို လာရောက်ခေါ်ဆောင်ခဲ့ရာ လူထုကမောင်းထုတ်လိုက်သဖြင့် ဖမ်းဆီးခြင်းမရှိဘဲ ပြန်လှည့်သွားသည်
ဟု ဘိုကလေးအန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင်တဦးက ပြောသည်။

“လာခေါ်တဲ့အချိန်မှာ လူထုကနေပြီးအဲ့ဒီကားကို မာင်းထုတ်တယ်။ မောင်းထုတ်တော့ အဲဒီကား ပြန်လှည့်သွားတယ်။ ဆန္ဒပြတဲ့လူတွေကလည်း ဥက္ကဋ္ဌ ဦးအောင်ခင်ဗိုလ် ပြန်လာမှ ဆန္ဒပြတာကို ရပ်မယ်ဆိုပြီး ပြောကြတယ်” ဟု ၎င်းက
ပြောသည်။

ဟောပြောပွဲ၌ ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ် ခါးသီးစွာခံနေရသည့် အိမ်ရှင်မတို့၏ ဘ၀အခြေအနေကို မြို့ခံအမျိုးသမီး
တဦးက ၀င်ရောက်ဟောပြောခဲ့ကြောင်း၊ အာဏာပိုင်များက ဈေးကို ပိတ်ပစ်လိုက်ပြီးသည့်နောက် လူစုကွဲသွားပြီဖြစ်
ကြောင်း သိရသည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: