နအဖညီလာခံ၏ အခြေခံမူများသည် တိုင်းပြည်၏ ပကတိအခြေအနေအပေါ် မထင်ဟပ်

ကျော်ထင်(ထိုင်း) / ၅ စက်တင်ဘာ ၂၀၀၇-ယခုလ (၃) ရက်တွင် ပြီးစီးသွားသည့် ညောင်နှစ်ပင်ညီလာခံမှ ချမှတ်
လိုက်သော အခြေခံမူများသည် တိုင်းပြည်၏ ပကတိအခြေအနေအပေါ် မထင်ဟပ်သည့်အပြင် တိုင်းရင်းသားပြည်သူ လူထုတရပ်လုံးအတွက်လည်း အာမခံချက်မရှိကြောင်း ပြည်ပရောက် မြန်မာဥပဒေပညာရှင်များက ပြောသည်။

စစ်အစိုးရသတင်းစာများတွင် ညီလာခံအပြီး၌ ကိုယ်စားလှယ်ပေါင်း (၁,၀၀၀) ကျော်သည်အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်
အခြေအနေများကို တွေးတောမြော်မြင်ကာ အခြေခံမူများကို ချမှတ်ခဲ့ကြောင်း၊ တိုင်းရင်းသားအခွင့်အရေးနှင့် ပတ်သက်
၍လည်း ပကတိအခြေအနေအပေါ် အခြေခံ၍ပေးထားကြောင်း ဖော်ပြချက်အပေါ် ဥပဒေပညာရှင်များက တုံ့ပြန်လိုက်
ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရှေ့နေများကောင်စီ အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးက “သူတို့ပြောတဲ့အထဲမှာ တည်ဆဲဥပဒေတွေ
အရ ခွင့်ပြုထားတဲ့ကိစ္စမှတပါးဆိုတာ ပါလာတယ်။ ဆိုလိုချင်တာက ဒီဖွဲ့စည်းပုံအရ ဘယ်လွှတ်တော်ပဲပေါ်ပေါ်၊ ဘယ်
အစိုးရပဲတက်တက် အခုလက်ရှိကျင့်သုံးနေတဲ့ ဖိနှိပ်တဲ့ဥပဒေတွေက ဆက်ရှိနေမယ်ဆိုတဲ့သဘောပါပဲ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို ဖမ်းဆီးထောင်ချသည့်ဥပဒေသည် ၁၉၇၅ ခုနှစ် နိုင်ငံ
တော်အားနှောင့်ယှက်ဖျက်ဆီးသူများ အန္တရာယ်မှကာကွယ်သည့်ဥပဒေဖြစ်ပြီး ယင်းဥပဒေတွင် (၃) နှစ်သာချုပ်ထားခွင့်
ရှိသော်လည်း ဒေါ်စုအားဖမ်းဆီးလိုက်သည့်နောက်ပိုင်းတွင် (၅) နှစ်တိုးလိုက်ခြင်းသည် တရားရုံးမှ လုပ်ပိုင်ခွင့်မရှိတော့
ဘဲ အာဏာနှင့်လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ယင်းဥပဒေများ ဆက်ရှိနေသည့် ဖွဲ့စည်းပုံအောက်တွင် နိုင်ငံသားလွတ်လပ်
ခွင့်လုံးဝရှိမည်မဟုတ်ကြောင်း ဦးအောင်ထူးက ပြောသည်။

တိုင်းရင်းသားလူမျိုးများကောင်စီ ဖွဲ့စည်းပုံရေးရာကော်မတီခေါင်းဆောင် ဦးခွန်ဥက္ကာကလည်း အတည်ပြုပြီးဖြစ်သောမူ
များနှင့်သာ ဖွဲ့စည်းပုံရေးဆွဲပါက တိုင်းရင်းသားများအတွက် ရလဒ် ကောင်းထွက်မလာနိုင်ကြောင်းနှင့် ပေးထားသည့် အခွင့်အရေးများသည် အတုအယောင် ဟန်ပြသာဖြစ်ကြောင်း ပြောသည်။

၎င်းက “အရေးပေါ်ကာလအခြေအနေမှာ သမ္မတအမိန့်နဲ့ ပြည်နယ်အတွင်းမှာသော်လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာသော်လည်းကောင်း အာဏာအရပ်ရပ်ကို ကာကွယ်ရေးဦးစီးချုပ်က ရယူနိုင်တယ်ဆိုတော့ စစ်တပ်ကအချိန်
မရွေးဝင်ရောက်စွက်ဖက်ဖို့ဥပဒေအရလမ်းကြောင်း ဖွင့်ထားသလိုဖြစ်တယ်၊ နာမည်ခံအားဖြင့်တိုင်းရင်းသားအခွင့်အရေး ပေးတယ်ဆိုပေမယ့် လက်တွေ့တော့စာပေယဉ်ကျေးမှု၊ ဓလေ့ထုံးစံထိန်းသိမ်းမှုလောက်တော့ လွတ်လွတ်လပ်လပ်ရှိနိုင်
တယ်၊ကျန်တဲ့အမျိုးသားလက္ခဏာနဲ့နိုင်ငံရေးအဆင့်အတန်း မြင့်တင်ဖို့အတွက်ကတော့ဘာမှ အခွင့်အလမ်းရှိမှာမဟုတ်
ဘူး” ဟု ပြောသည်။

နအဖ၏အခြေခံမူများတွင် တိုင်းဒေသကြီး(၇)တိုင်း၊ ပြည်နယ်(၇) ခုအပြင် “၀”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ပြည်ထောင်စုဖွဲ့စည်းသွားမည်ဟု ပါရှိ
သည်။

“၀၊ ပလောင်၊ ကိုးကန့်၊ ဓနု၊ နာဂလူမျိုးတွေကို နာမည်ခံအနေနဲ့ ခွဲခြားသတ်မှတ်ပေးလိုက်တာလို့ ယူဆပါတယ်၊ ရှမ်း
ပြည်နယ်ထဲမှာရှိတဲ့ လူမျိုးစုအချင်းချင်းကြားမှာ ပဋ္ဋိပက္ခဖြစ်အောင် ဖန်တီးပေး သလိုလည်းဖြစ်တယ်၊ ရန်ထောင်ပေးသ
လိုလည်း တွေ့ရတော့ အင်မတန်အန္တရာယ်ကြီးတဲ့ လုပ်ရပ် ဖြစ်ပါတယ်” ဟု ဦးခွန်ဥက္ကာက ပြောသည်။

နအဖညီလာခံမှ ချမှတ်လိုက်သော အခြေခံမူများသည် အတုအယောင်သာဖြစ်ကြောင်းနှင့် ယင်းညီလာခံရလဒ်များသည် ပြည်သူလူထုသဘောဆန္ဒကိုလည်း ကိုယ်စားမပြုကြောင်း အမေရိကန် အစိုးရကလည်း ထုတ်ပြန်ပြောဆိုထားသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: