ဆဒမ်ဟူစိန်၏ညီဝမ်းကွဲအပါအ၀င် (၃) ဦး သေဒဏ်ပေးခံရ-Agencies / ၅ စက်တင်ဘာ ၂၀၀၇

5-9-07_sud.gif
အီရတ်သမ္မတဟောင်း ဆဒမ်ဟူစိန်၏ လုပ်ဖော်ကိုင်ဖက် (၃) ဦးကို လူမျိုးပြုန်းသတ်ဖြတ်မှု ကျူးလွန်ကြောင်း တွေ့ရှိရသဖြင့် ကြိုးပေးကွပ်မျက်ရန် အီရတ်တရားရုံးချုပ်က ယမန်နေ့တွင် အမိန့်ချလိုက်သည်။

ဆဒမ်ဟူစိန်နှင့် ညီအစ်ကိုဝမ်းကွဲတော်စပ်သူ အလီဟာဆန်အယ်မာဂျစ်၊ ဟူစိန်ရာရှစ်အယ်တီကရစ်၊ ဆူတန်ဟာရှင် အယ်တာရီးတို့ကို အီရတ်ဥပဒေအရ ရက် (၃၀) အတွင်း ကွပ်မျက်မည်ဖြစ်ကြောင်း တရားသူကြီးချုပ် အာရိဖ်ရှာဟင်းက ဘက္ကဒက်မြို့တော်၌ပြုလုပ်သည့် သတင်းစာရှင်းပွဲတွင်ပြောသည်။

နိုင်ငံမြောက်ပိုင်းရှိ ကာ့ဒ်လူမျိုးများကို အမြစ်ဖြုတ်ရေးရည်ရွယ်သော ‘အန်ဖယ်’ အမည်ရှိ စစ်ဆင် ရေးအတွင်း အပြစ်မဲ့ လူပေါင်းတသိန်းကျော် သေဆုံးခဲ့ရမှုအတွက် အဓိကတာဝန်ရှိသူများဖြစ်သည့် ၎င်းတို့ (၃) ဦးအား ပြီးခဲ့သည့် ဇွန်လအတွင်း၌ အဆင့်မြင့်စစ်ခုံရုံးအဖွဲ့က သေဒဏ်ချမှတ်ခဲ့ပြီးနောက် အယူခံရက်နှင့် အခြားစစ်ဆေးမှုများကြောင့် ကြန့်ကြာခဲ့ရပြီး တရားရုံးချုပ်က ယမန်နေ့တွင် အတည်ပြုခြင်းဖြစ်သည်။

မာဂျစ် ဦးဆောင်သည့် အဆိုပါစစ်ဆင်ရေးကို ၁၉၈၇-၈၈ ခုနှစ် အီရန်-အီရတ် စစ်ပွဲကာလအတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကာ့ဒ်လူမျိုးများ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ရဒေသများတွင် ဗုံး၊ အမြောက်များအပြင် ဓာတုအဆိပ်ငွေ့များကိုပါ အသုံးပြု၍ အပြင်းအထန်တိုက်ခိုက်ခဲ့သဖြင့် လူပေါင်း (၁၈၀,၀၀၀) ကျော်သေဆုံးခဲ့ပြီး ရွာပေါင်း (၄,၀၀၀) ခန့် ဖျက်ဆီးခံခဲ့ရသည်။

ယင်းကာလတွင် တီကရစ်သည် စစ်ဆင်ရေးတပ်များ၏ ဒု-အကြီးအကဲဖြစ်၍ တာရီးသည်ကာကွယ်ရေးဝန်ကြီးဖြစ်သည်။

မာဂျစ်က “ကျနော်ဟာ အမှားလုပ်ခဲ့တာ ဘာမှမရှိပါဘူး။ ဒါကြောင့် ဘယ်သူ့ကိုမှလည်း တောင်းပန် စရာမလိုပါဘူး” ဟု ယမန်နှစ်ကပြုလုပ်သော အဆိုပါစစ်ဆင်ရေးနှင့်ပတ်သက်သည့် ကြားနာမှုတခုတွင် ပြောခဲ့သည်။

အမေရိကန်တို့ ဦးဆောင်၍ ၂၀၀၃ ခုတွင် အီရတ်နိုင်ငံကို ကျူးကျော်ခဲ့ပြီးနောက် သမ္မတဆဒမ် ဟူစိန်ကိုလည်း ယင်းစစ်ဆင်ရေးနှင့်ပတ်သက်၍ အမှုဖွင့်စစ်ဆေးခြင်းများပြုခဲ့သေးသည်။ သို့သော် ၎င်းသည် လူသားမျိုးနွယ်ကို ဆန့်ကျင်သည့်ရာဇ၀တ်မှုဖြင့်သာ ၂၀၀၆ ခုနှစ်ကုန်တွင် ကြိုးပေး ကွပ်မျက်ခံရသည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: