တောင်ကုတ်မြို့ လမ်းလျှောက်ဆန္ဒပြပွဲ လူထုထောင်ချီပါဝင်ဆင်နွှဲ

NEJ / ၄ စက်တင်ဘာ ၂၀၀၇-လောင်စာဆီဈေးနှုန်းကျဆင်းရေး ဆန္ဒပြမှုကို ထောက်ခံသည့်အနေဖြင့် ရခိုင်ပြည်နယ်
တောင်ကုတ်မြို့၌ မြို့ခံလူထုထောင်နှင့်ချီကာမယကရုံးသို့ ယနေ့နံနက်က လမ်းလျှောက်ဆန္ဒပြကြသည်ဟု မြို့ခံအမျိုး
သားဒီမိုက ရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဝင်များက ပြောသည်။

တောင်ကုတ်မြို့၌ ပြီးခဲ့သည့်သောကြာနေ့က လောင်စာဆီဈေးမြင့်တက်မှုကိုဆန္ဒပြသဖြင့် ဖမ်းဆီးခံထားရသည့်မောင်
သန်းလွင်နှင့်မောင်စည်တို့၏ အခြေအနေကိုသွားရောက်စုံစမ်းရန် အန်အယ်လ်ဒီပါတီဝင် (၁၅) ဦးခန့်က မယကရုံးသို့ စီတန်းလမ်းလျှောက်ကြစဉ် လမ်း၌ ပြည်သူလူထုများက ပူးပေါင်းပါဝင်လာကြခြင်းဖြစ်သည်ဟု အန်အယ်လ်ဒီ ရခိုင်
ပြည်နယ် စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်လှက ပြောသည်။

၎င်းက “ငြိမ်းငြိမ်းချမ်းချမ်းနဲ့ရင်ဘတ်မှာ ပိုစတာလေးတွေရေးပြီး တောင်းဆိုနေကြတဲ့ကလေးတွေဟာ ဖမ်းဆီးခံထား
ရတယ်။ လမ်းမှာ ကလေးတွေကို တပ်မတော်သားတဦးက ဥပဒေမဲ့လက်သီးနဲ့ဝင်ပြီးထိုးတယ်။ အပြစ်ကျူးလွန်တဲ့လူ
ကျတော့အရေးမယူဘဲနဲ့ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြတဲ့လူကျတော့ ဖမ်းဆီးချုပ်နှောင်ထားတယ်။ ဒါကြောင့်မို့လို့သက်
ဆိုင်ရာ အာဏာပိုင်တွေဆီမှာ တောင်းဆိုမယ်ဆိုပြီး ကျနော်တို့သွားတဲ့အခါ ပြည်သူလူထုတွေ ပူးပေါင်းပါဝင်လာကြ
တာ” ဟု ပြောသည်။

လူသွားလူလာစည်ကားသည့် တောင်ကုတ်မြို့ဈေးအရောက်၌ လမ်းလျှောက်ဆန္ဒပြရခြင်းနှင့်ပတ်သက်၍ အန်အယ်လ်
ဒီပါတီဝင်များက မြို့ခံလူထုကို ရှင်းလင်းပြောကြားရာ မြို့ခံလူထုအများအပြားလာရောက်ကြည့်ရှု အားပေးကြသည်ဟု အန်အယ်လ်ဒီပါတီဝင်များက ပြောသည်။

တောင်ကုတ်မြို့နယ်စည်းရုံးရေးအဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးတင်သိန်းအောင်က “ကျနော်တို့ အခုဒီနေ့ လမ်းလျှောက်တဲ့အခါမှာ
ပြည်သူလူထုရဲ့ ပါဝင်မှုက နှစ်ထောင်ကျော်သုံးထောင်ပတ်ဝန်းကျင်မှာ ရှိပါတယ်။ လမ်းဘေးဝဲယာကနေပြီး လက်ခုပ်
တီးပြီးတော့ အားပေးကြပြီးတော့ ပြည်သူတွေရဲ့ ထောက်ခံမှုကို ရရှိပါတယ်ခင်ဗျ” ဟု ပြောသည်။

မယကရုံးအရောက်၌ ဖမ်းဆီးခံထားရသူတို့၏အခြေအနေကိုမေးမြန်းရာတွင် မြို့နယ်မှူးက ဆန္ဒပြသူ နှစ်ဦးကို ဖမ်းဆီး
ထား ခြင်းမဟုတ်ကြောင်းနှင့် ကောင်းမွန်စွာထားရှိကြောင်း တုံ့ပြန်ပြောကြားခဲ့သည်ဟု သိရသည်။

အန်အယ်လ်ဒီပါတီဝင်များက မယကရုံးမှာ ဖမ်းဆီးခံထားရသူတို့၏ နေအိမ်သို့ ဆက်လက်အသွား တောင်ကုတ်မြို့
မော်တော်ဆိပ်အနီး ဦးကျောက်တောင်အိမ်ရှေ့၌ အာဏာပိုင်များက လမ်းပိတ်ကာ ပြည်သူလူထုကို နောက်မှ ဆက်
မလိုက်ရန် တားမြစ်ခဲ့သည်ဟု ဦးခင်လှက ပြောသည်။

၎င်းက “ရဲအရာရှိ ဦးမောင်ဆန်းဆိုလို့ရှိရင် အရပ်ဝတ်နဲ့ပေါ့ဗျာ။ ခါးမှာထိုးတဲ့ပစ္စတိုသေနတ်ကို အင်္ကျီကိုလှန်ပြပြီးတော့ ပြည်သူလူထုကိုပြတယ်ပေါ့ဗျာ။ မရရင် ပစ်မယ်ခတ်မယ်ဆိုတဲ့ သဘောမျိုးပေါ့။ ခြိမ်းခြောက်ပြီးတော့အဲ့သလိုလုပ်တဲ့အ
ခါကျတော့ ပြည်သူက မလိုက်ရဲတော့ဘူးဗျ” ဟု ပြောသည်။

အန်အယ်လ်ဒီပါတီဝင်များက အဖမ်းခံရသူတို့၏နေအိမ်ထိ သွားရောက်ခဲ့ကြသော်လည်း ၎င်းတို့၏ မိဘများကို မတွေ့
သည့်အတွက် လူစုခွဲကာအိမ်ပြန်လာခဲ့ကြကြောင်း၊ ယနေ့ဆန္ဒပြလမ်းလျှောက်ပွဲတွင် ပါဝင်သူများ ဖမ်းဆီးခံရခြင်းမရှိ
ကြောင်း သိရသည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: