ရတနာပုံတံတားသစ်ကြီး လေပြင်းဒဏ်မခံနိုင်သဖြင့် ပြန်လည်ပြင်ဆင်နေရ

NEJ / ၄ စက်တင်ဘာ ၂၀၀၇-မန္တလေး ရတနာပုံတံတားသစ်ကြီး တည်ဆောက် ပြီးစီးသွား
သော်လည်း စမ်းသပ်မှုများအရ ကြံ့ခိုင်မှု မရှိခြင်းကြောင့် ပြန်လည်ပြင်ဆင်ကာ ယခုအချိန်
အထိ ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း တံတားတည်ဆောက်ရာတွင် ပါဝင်သည့် အင်ဂျင်နီ
ယာတဦးက ပြောသည်။

၎င်းက “နောက်ဆုံး အခြေအနေအရ လေပြင်းတိုက်တဲ့ ဒဏ်မခံနိုင်တာကြောင့် ပြီးခဲ့တဲ့လက
ပဲ Tie Bracing တွေ လဲလှယ်တပ်ဆင်နေရတယ်။ တံတားဆောက်ပြီးကာစကတည်းကအင်
ဂျင်နီယာချုပ်က ရတနာပုံတံတားရဲ့ အချက်အလက်တွေကို ကွန်ပျူတာဆော့ဖ်ဝဲထဲ ထည့်ပြီး
လေတိုက်အား၊ ငလျင်စတာတွေကို လေ့လာကြည့်တော့ အဲဒီစမ်းသပ်လေ့လာမှုအရလေပြင်း
တိုက်မှုခံနိုင်ရည်မရှိဘူး။ ငလျင်ရစ်ခ်ျတာစကေး (၄) လောက်တောင် ခံနိုင်ရည်မရှိတာ တွေ့
ရတယ်” ဟု ပြောသည်။

ထိုသို့ဖြစ်ရသည့်အဓိကပြဿနာမှာ စစ်ကိုင်းဘက်ကမ်းရှိ တံတားအောက်ခြေ ဒုတိယပိုင်တိုင်
ကိုလိုအပ်သည့်ပေအနက်အထိ မတူးနိုင်သောကြောင့်ဖြစ်ကြောင်း အဆိုပါအင်ဂျင်နီယာကပြော
သည်။

တံတားကိုစတင်တည်ဆောက်သည့်အချိန်တွင် မန္တလေးဘက်ခြမ်းနှင့်စစ်ကိုင်းဘက်ခြမ်းပိုင်တိုင်
အားလုံးကို ချရာတွင် အဆင်ပြေခဲ့သော်လည်း အဆိုပါ စစ်ကိုင်းဘက်ခြမ်းမှ ဒုတိယ ပိုင်တိုင်
အောက် ခြေအတွက် တူးရာတွင် မာကျောသည့် ကျောက်လွှာတခုခံနေ၍ လိုအပ်သည့်အနက်
သို့ရောက်အောင် မတူးနိုင်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

၎င်းက “အဲဒီကျောက်လွှာကိုဖောက်ပြီး ပိုင်တိုင်တူးနိုင်ဖို့ စက်ကိရိယာက မြန်မာပြည်မှာမရှိဘူး။
အင်ဂျင်နီယာချုပ်ကနိုင်ငံခြားက၀ယ်ဖို့ ဆောက်လုပ်ရေးဝန်ကြီးကတဆင့် အဲဒီအချိန်မှာ ၀န်ကြီး
ချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းကို တင်ပြခဲ့တယ်။ ၀န်ကြီးချုပ်က ရေဘူးပေါက်တာမလိုချင်ဘူးရေပါတာ
ပဲလိုချင်တယ်၊ ကိုယ့်ပြည်တွင်းအင်အားနဲ့ကိုယ့်ဘာသာဖြစ်အောင်လုပ်ဆိုပြီး အမိန့်ပေးခဲ့တယ်”
ဟု ပြောသည်။

ထို့ကြောင့် စစ်ကိုင်းဘက်က တံတားအောက်ခြေကို လိုအပ်သည့်အနက်ရအောင်မတူးနိုင်ဘဲ
တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော်တံတားဆောက်သည့် အင်ဂျင်နီယာချုပ် ဦးဌေးမြင့်
မှာတာဝန်ပေါ့ဆမှု၊ အများပိုင်ပစ္စည်းခိုးယူမှု စွပ်စွဲချက်များဖြင့် အကျယ်ချုပ်ချထားခြင်းခံနေရ
ကြောင်း အခြားအင်ဂျင်နီယာတဦးက ပြောသည်။

၎င်းက “ ပြီးခဲ့တဲ့လက မန္တလေးနဲ့ စစ်ကိုင်းက တာဝန်ကျတဲ့ အင်ဂျင်နီယာ နှစ်ယောက်ကို
အာဏာပိုင်တွေက ခေါ်ပြီးစစ်ဆေးမေးမြန်းခဲ့တယ်၊ အဲဒီနောက် အင်ဂျင်နီယာချုပ်ဦးဌေးမြင့်
ကို စီမံကိန်းဝင်းထဲမှာ ခုလို အကျယ်ချုပ်နဲ့ ဖမ်းလိုက်တာပဲ” ဟု ပြောသည်။

မြန်မာနိုင်ငံ ဆည်မြောင်း၊ တံတား၊ လမ်း တည်ဆောက်ရေး စီမံကိန်းတိုင်းလိုလိုတွင် နိုင်ငံပိုင်
ကုန်ကြမ်းခိုးယူမှုများဖြစ်မြဲဖြစ်သော်လည်း ယခုရတနာပုံတံတား ကြံ့ခိုင်မှုမရှိဘဲ မဖွင့်နိုင်ဖြစ်ရ
ခြင်းသည် သီးခြားကိစ္စဖြစ်ကြောင်း သက်ဆိုင်သူများက ပြောပြသည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: