ဗုံးဖြင့်တိုက်ခိုက်ခံရသဖြင့် ဟတ်ကြီးရေကာတာ ဆောက်လုပ်ရေးခွင်မှ ထိုင်းတဦးသေဆုံး

NEJ / ၄ စက်တင်ဘာ ၂၀၀၇-ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ ဟတ်ကြီးရေကာတာ ဆောက်လုပ်ရေးခွင်တွင် လုပ်
ကိုင်နေသော လျှပ်စစ်တိုင်းတာရေးအင်ဂျင်နီယာအဖွဲ့မှ ထိုင်းလူမျိုးတဦး ဗုံးဖြင့်အတိုက်ခိုက်ခံရပြီးသေဆုံးသွားကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့ည (၇) နာရီခန့်တွင် ဟတ်ကြီးရေကာတာ တည်ဆောက်သည့်နေရာရှိ ထိုင်းလျှပ်စစ်ဓာတ်အား
ထုတ်လုပ်ရေးဌာနမှ ထိုင်းလူမျိုးများ စခန်းချထားသည့်နေရာတွင် ဗုံးနှစ်လုံးပစ်သွင်းပြီး အတိုက်ခိုက်ခံရသဖြင့် အသက်
(၅၀) ခန့်အရွယ်ရှိ ထိုင်းလူမျိုးတဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

နအဖစစ်အစိုးရ၏ ယနေ့ထုတ်သတင်းစာထဲတွင်မူ ဟတ်ကြီးရေအားလျှပ်စစ်တိုင်းတာရေးစီမံကိန်းလုပ်ငန်းများ ဆောင်
ရွက်လျှက်ရှိသော ထိုင်းလူမျိုးများအခြေပြုစခန်းကို ကရင်အမျိုးသား အစည်းအရုံး (KNU) က လက်နက်ကြီးများဖြင့်
ပစ်ခတ်ခဲ့သဖြင့် အသက် (၅၄) နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသားတဦး လက်နက်ကြီး စထိမှန်၍ သေဆုံးကြောင်း ရေးသား
ဖော်ပြထားသည်။

နအဖစစ်အစိုးရ၏ စွပ်စွဲချက်ကို KNU က ငြင်းဆိုလိုက်ပြီး ၎င်းတို့အနေဖြင့် နအဖစစ်တပ်များ ထူထပ်စွာ ချထားသည့် ယင်းဒေသပတ်ဝန်းကျင်တွင် သွားရောက်တိုက်ခိုက်မှု မလုပ်နိုင်ကြောင်းနှင့် ၎င်းတို့အား ထိုင်းနိုင်ငံက မုန်းတီးအောင်
နအဖစစ်အစိုးရက လုပ်ဆောင်ခြင်းဖြစ်ကြောင်း KNU က ရိုက်တာသို့ပြောသည်။

ထိုင်းနိုင်ငံလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးဌာန (EGAT) မှ ထိုင်း လူမျိုး (၄၂) ဦးသည် နအဖစစ်တပ်၏စောင့်ရှောက်
လိုက်ပို့မှုဖြင့် ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့သို့ ယမန်နေ့က ရောက်ရှိခဲ့ကြောင်း ထိုင်းစစ်တပ်အရာရှိတဦးကို ကိုး
ကား၍ ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ဟတ်ကြီးရေကာတာသည် ၂၀၀၅ ခုတွင် ထိုင်းနှင့် မြန်မာတို့က သံလွင်မြစ်ပေါ်တွင် တည်ဆောက်ရန် လျာထားသည့် ရေကာတာစီမံကိန်းများထဲမှ တခုဖြစ်သည်။

ပြီးခဲ့သည့်နှစ် မေလတွင်လည်း ဟတ်ကြီးရေကာတာဆောက်လုပ်ရေးတွင် လုပ်ဆောင်နေသည့် EGAT မှ ထိုင်းလူမျိုး
တဦး မြေမြှုပ်မိုင်းနင်းမိသဖြင့် ခြေတဖက်ဆုံးရှုံးသွားပြီး ဘန်ကောက်ဆေးရုံတွင် သေဆုံးသွားသည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: