ပါကစ္စတန်တွင် ဗုံးနှစ်လုံးပေါက်ကွဲသဖြင့် လူ (၂၀) ခန့်သေဆုံး-Agencies / ၄ စက်တင်ဘာ ၂၀၀၇

4-9-07_pakistani.gifပါကစ္စတန်စစ်တပ်မြို့ ရာဝါပင်ဒီတွင် ယနေ့နံနက်၌ စွမ်းအားပြင်းသော ဗုံးနှစ်လုံးပေါက်ကွဲခဲ့ရာ အစိုးရ ကာကွယ်ရေးဌာနဆိုင်ရာ ၀န်ထမ်း (၁၅) ဦးအပါအ၀င်
လူအနည်းဆုံး (၂၀) သေဆုံးခဲ့သည်။စစ်တပ်များတည်ရှိရာ ဧရိယာအတွင်း၌ မိနစ်ပိုင်းသာ ကွာခြား၍ ပေါက်ကွဲမှု ဆက်တိုက်ဖြစ်ခဲ့ပြီး အဆိုပါ မြို့သည် ပါကစ္စတန်အာဏာသိမ်းသမ္မတ မူရှာရက်၏ အရေးပါသော တပ်မှူးများနေထိုင်ရာ မြို့လည်း ဖြစ်သည်။

ပထမပေါက်ကွဲမှုကြောင့် မြို့တွင်းရှိ ကာဆင်ဈေးသို့ သက်ဆိုင်ရာလုပ်ငန်းများလုပ်ဆောင်ရန် ထွက်လာ သော ပါကစ္စတန်နျူကလီးယားအစီအစဉ်မှ ၀န်ထမ်း (၁၅) ဦး စီးလာသည့်ကားကို ထိခိုက်ပြီး ၀န်ထမ်းအားလုံးသေဆုံး၍ (၁၀) ဦးကျော် ဒဏ်ရာရခဲ့ ကြောင်း ရဲနှင့် ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူများက သတင်းဌာနများကို ပြောသည်။

ပေါက်ကွဲသံကို တမြို့လုံးကပင် ကြားနိုင်ပြီး သေဆုံးသွားသော အဆိုပါဝန်ထမ်းများ စီးလာသည့် အယောက် (၄၀) ဆန့် အဖြူရောင်ဘတ်စ်ကားကြီးမှာလည်း ဗုံးဒဏ်ကြောင့် ပျက်စီးသွားကြောင်း၊ အလောင်းများမှာလည်း လမ်းမပေါ်တွင် တစစီဖြစ်နေကြောင်း မျက်မြင်ဖြစ်သူ မိုဟာမက်တဟီရားက ပြောသည်။

လူ (၅) ဦးသေဆုံးပြီး (၆၀) ဦးကျော်ဒဏ်ရာရခဲ့သော ဒုတိယဗုံးသည် မော်တော်ဆိုင်ကယ်တွင် ထောင်ထားခြင်းဖြစ်ပြီး ပထမပေါက်ကွဲမှုဖြစ်ပွားသည့်နေရာနှင့် (၂) မိုင်ခန့်အကွာရှိ အာအေဈေး အတွင်း၌ ဖြစ်ပွားခဲ့သည်။

ယနေ့ ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းကမျှ မိမိတို့လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။ ပါကစ္စတန်တပ်မတော် ပြောခွင့်ရသူ ဗိုလ်ချုပ်ဝါဟီးအာရှတ်က ပေါက်ကွဲမှုနှစ်ခုလုံးသည် အပြစ်မဲ့သူများကို ထိခိုက်ခဲ့သဖြင့် ယခုလုပ်ရပ်အား အကြမ်းဖက်မှုအဖြစ် ဖော်ပြပြောဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်၌ မြို့တော်အစ္စလမ်မာဘတ်ရှိ ဗလီနီတွင်ဖြစ်ပေါ်ခဲ့သော အစ္စလမ်ကျောင်းသားများ၏ ဆန္ဒပြတောင်းဆိုမှုများကို သမ္မတမူရှာရက်က အကြမ်းဖက်နှိမ်နင်းခဲ့၍ လူ (၁၀၀) ကျော်သေဆုံးခဲ့ပြီး နောက်ပိုင်း မတည်ငြိမ်မှုများ ဆက်တိုက်ဖြစ်ပေါ်နေခဲ့ရာ ယခုအချိန်အထိ အသေခံတိုက်ခိုက်မှုနှင့် ဗုံးခွဲမှုများကြောင့် လူပေါင်း (၂၀၀) ကျော် သေဆုံးခဲ့ပြီးဖြစ်သည်။     ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: