ပြည်တွင်း၌ ဖမ်းဆီးထားသူများကို လွှတ်ပေးရန် အိန္ဒိယတွင် ခရီးရှည်လမ်းလျှောက်တောင်းဆို

ထင်ကျော် / ၃ စက်တင်ဘာ ၂၀၀၇-အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာပြည်အရေးကိစ္စများကိုဝင်
ရောက်ပြောဆိုသင့်သည့် အချိန်ရောက်နေ ကြောင်း မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများက
အိန္ဒိယခေါင်းဆောင်များအား ယနေ့တိုက်တွန်းပြောဆိုသည်။

မြန်မာပြည်တွင်းမှ ဆန္ဒပြသူများအား နအဖက ဖမ်းဆီးနေ သည့်အပေါ် ကန့်ကွက်သည့်အ
နေဖြင့် ခရီးရှည် လူထု လမ်းလျှောက် ဆန္ဒပြခြင်းဖြစ်သည်။

တိုင်းရင်းသားပေါင်းစုံပါဝင်သည့် ခရီးရှည်လမ်းလျှောက် ဆန္ဒပြသူ (၁၂) ဦးက ယနေ့နံနက်
(၇) နာရီခွဲ စတင်၍ နယူးဒေလီမြို့၊ ဗွီကပ်စ်ပူရီအရပ်ရှိ မြန်မာရိပ်သာခန်းမရှေ့မှ မြို့လယ်
ခေါင် ဂျန်ပတ်အရပ်ရှိ ကွန်ကရက် (အိုင်) ပါတီဌာနချုပ်အထိ (၂၇) ကီလိုမီတာအရှည်လမ်း
လျှောက်ဆန္ဒပြကြသည်။

ထို့နောက် ကွန်ကရက် (အိုင်) ပါတီဥက္ကဋ္ဌ မစ္စက်ဆိုနီယာဂန္ဓီထံ ဒေါ်အောင်ဆန်းစုကြည်နှင့်
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ပြောဆိုပေးရန် အိတ်ဖွင့်ပေးစာတစောင်
ကို ပေးအပ်သည်။

“ကျနော်တို့က အိန္ဒိယအစိုးရကို ဗမာပြည်အရေးထဲကို ၀င်ရောက်ပြောဆိုသင့်ပြီဆိုတာကို ဆိုနီ
ယာ ဂန္ဓီဆီမှာ အိတ်ဖွင့်ပေးစာပေးဖို့ပါ။ နောက်ဆိုနီယာဂန္ဓီကို ပြချင်တာကလည်း ဂန္ဓီလမ်းစဉ်
အတိုင်း အကြမ်းမဖက်လှုပ်ရှားတဲ့ ခေါင်းဆောင်ကြီးတွေလို ကျနော်တို့အကြမ်းမဖက် ချီတက်
ဆန္ဒပြတာ ဖြစ်တယ်ဆိုတာပါ ” ဟု ဆန္ဒပြခေါင်းဆောင်တဦးဖြစ်သူ ဦးမြင့်သန်းထူးက ပြော
သည်။

ထို့ပြင် ပြည်တွင်းမှဆန္ဒပြသူများအား အသံနှင့်ထောက်ခံနေရုံမျှနှင့်မဖြစ်ဘဲ လက်တွေ့ကျကျ
နှလုံးသားနှင့်ဆက်စပ်ထောက်ခံ ဆန္ဒပြခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

သြဂုတ် (၁၅) ရက်တွင် နအဖက လောင်စာဆီဈေးနှုန်းများကို တရားဝင်ကြေညာခြင်းမပြုဘဲ
ရုတ်တရက် တိုးမြှင့်လိုက်၍ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် ဒီမိုကရေစီရေး
လှုပ်ရှားဆောင်ရွက်နေသူ ရဟန်းရှင်လူပြည်သူများက လောင်စာဆီဈေးနှုန်းများကျဆင်းရေး
နှင့်ပတ်သက်၍ သြဂုတ် (၁၉) ရက်မှစတင်ကာ ရန်ကုန်မြို့အပါအ၀င် မြို့အတော်များများတွင်
လူထုလမ်းလျှောက်ဆန္ဒပြပွဲများ ပြုလုပ်ခဲ့သည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: