ပြည်တွင်းလေကြောင်းခရီးစဉ်များ ဈေးနှုန်းတက်

ကျော်ထင်(ထိုင်း) / ၃ စက်တင်ဘာ ၂၀၀၇-လောင်စာဆီဈေးနှစ်ဆတက်ပြီးနောက်တွင် ပြည်တွင်းလေကြောင်းခရီးစဉ်
များဈေးနှုန်းကို (၃၀) ရာခိုင်နှုန်း တိုးမြှင့်လိုက်ကြောင်း ပြည်တွင်းထုတ် မြန်မာတိုင်းမ်ဂျာနယ်ကို ကိုးကား၍ အေဂျင်စီ
သတင်းများတွင် ဖော်ပြသည်။

ပြည်တွင်းလေကြောင်းခရီးစဉ်တခုမှ အမည်မဖော်လိုသည့် ၀န်ထမ်းတဦးက ဈေးနှုန်းတက်ခြင်းကို အတည်ပြုသော်
လည်း (၃၀) ရာခိုင်နှုန်းအထိ တက်ခြင်းမဟုတ်ဘဲ (၁၉) ရာခိုင်နှုန်းခန့်သာ တက် သည်ဟု ပြောသည်။

၎င်းက “ခန့်မှန်းခြေဆိုရင်တော့ (၁၉) ရာခိုင်နှုန်းကျော်ကျော်ပဲ တက်ပါတယ်။ အရင်တုန်းက တာချီလိတ်-ရန်ကုန်ကို
ကျပ် (၉) သောင်းခွဲဖြစ်ပြီး တိုးမြှင့်လိုက်ပြီးနောက်မှာ (၁၁၂,၀၀၀)၊ မန္တလေးဆိုလို့ရှိရင် (၇၂,၀၀၀) ကနေ (၈)
သောင်းခွဲရှိသွားတယ်။ ဟဲဟိုးကျရင် (၆) သောင်းခွဲကနေပြီး (၇၆,၅၀၀) ဖြစ်သွားတယ်” ဟု ပြောသည်။

လေယာဉ်ခဈေးနှုန်းများကို ပြီးခဲ့သည့် စနေနေ့မှစ၍ တိုးမြှင့်လိုက်ခြင်းဖြစ်သည်။

ပုဂ္ဂလိက လေကြောင်းလိုင်းများဖြစ်သော ပုဂံ၊ မန္တလေးနှင့် ရန်ကုန်အဲယားလိုင်းများတွင်သာ ဈေးနှုန်းမြှင့်လိုက်ခြင်းဖြစ်
ပြီး အစိုးရပိုင် မြန်မာ့လေကြောင်းတွင်မူ ယနေ့ထိ ဈေးနှုန်းမတိုးသေး ကြောင်းသိရသည်။

“မြန်မာ့လေကြောင်းကတော့ ဈေးတိုးမြှင့်တယ်လို့ပြောသံမကြားသေးဘူး။ သူတို့ဆီမှာ မကြာခင်လုပ်မယ့် (၆) လပတ် အစည်းအဝေးပြီးရင်တော့ ဘယ်လိုလာမယ်ဆိုတာ မသိသေးဘူး” ဟု အဆိုပါဝန်ထမ်းက ပြောသည်။

မြန်မာစစ်အစိုးရသည် ပြီးခဲ့သည့်လက လောင်စာဆီဈေးနှုန်းများတိုးမြှင့်လိုက်သောကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်
များမြင့်တက် လာခဲ့ရာ ပြည်သူလူထုသည် သြဂုတ် (၁၉) ရက်မှစ၍ လမ်းမပေါ် ဆန္ဒပြပွဲများ ပြုလုပ်နေဆဲဖြစ်သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: