ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်ဟောင်း ခါလီဒါဇီယာ ဖမ်းဆီးခံရ -Agencies / ၃ စက်တင်ဘာ ၂၀၀၇

3-8-07_kharli.gif
ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်ဟောင်း ခါလီဒါဇီယာကို ၎င်းအာဏာ ရှိစဉ်အတွင်း အကတိလိုက်စားခဲ့မှုဖြင့် ရဲများက ယနေ့ ဖမ်းဆီး လိုက်သည်။

မစ္စဇီယာနှင့် သူမ၏ သားအငယ် အာရာဖတ်ရာမန်းတို့ကို မြို့တော် ဒါကာရှိ ၎င်းတို့နေအိမ်မှ တရားရုံးသို့ အစောင့်အကြပ်များ ထူထပ် စွာဖြင့် ခေါ်ဆောင်သွားခဲ့ကြောင်း နိုင်ငံတော်ရဲကော်မရှင်မှ ဒုတိယ အကြီးအကဲ အန်န၀ါဟူစိန်က ပြောသည်။

မစ္စတာဟူစိန်က “အစိုးရရဲ့ အကတိတိုက်ဖျက်ရေးကော်မရှင်က ဇီယာနဲ့ သူ့သားကို လာဘ်စားမှုနဲ့ မနေ့ညကပဲ အမှုဖွင့်လိုက်တယ်” ဟု ပြောသည်။

ဝန်ကြီးချုပ်ဟောင်းသည် ၎င်း၏ ဒုတိယသက်တမ်းကာလ ၂၀၀၃ ခုအတွင်း ၎င်း၏သားပိုင် Global Agro Trade Company (GATCO) ကုမ္ပဏီကို တရားဝင် လုပ်ထုံးလုပ်နည်းများနှင့်မညီဘဲ မြို့တော် ဒါကာနှင့် နိုင်ငံအရှေ့တောင်ဘက် စစ်တကောင်းရှိ နိုင်ငံပိုင် ကုန်တင်ကုန်ချ ဆိပ်ကမ်းနှစ်ခုအား စီမံခန့်ခွဲရန် လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းကြောင့် အကတိမှု၊ လုပ်ပိုင်ခွင့် တလွဲသုံးမှုတို့ဖြင့် စွဲဆိုခြင်းခံရသည်။

GATCO ကုမ္ပဏီ လုပ်ကိုင်ခွင့် ရရှိရေးအတွက် မိခင်ဖြစ်သူကို တိုက်တွန်းခဲ့သဖြင့် သားဖြစ်သူ အာရာဖတ်ရာ မန်းကိုလည်း စစ်ဆေးမှုများ တပတ်ကြာ ပြုလုပ်ရန်အတွက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အခြားလူ (၁၁) ဦးလည်း အမှုတွဲများအဖြစ် ပါဝင်ကြောင်း အေအက်ဖ်ပီ သတင်းတွင်ဖော်ပြသည်။

ဝန်ကြီးချုပ်ဟောင်း ဇီယာက အာမခံလျှောက်ထားခဲ့သော်လည်း တရားရုံးက ပယ်ချခဲ့သည်။ ယခုအခါ ၎င်းအား ပါလီမန်အဆောက်အဦအနီးရှိ ၀န်ကြီးချုပ်ဟောင်း နောက်တဦးဖြစ်သူ ရှိတ်ဟာဇီ နာအား ဖမ်းထားသည့် အထူးထောင်နှင့်ကပ်လျက် အကျဉ်းထောင်တခု၌ ဖမ်းထားပြီဖြစ်သည်။ရှိတ်ဟာဇီနာသည် အကတိမှုဖြင့်ပင် စွပ်စွဲခံထားရသည်။

မစ္စခါလီဒါဇီယာသည် ဘင်္ဂလားဒေ့ရှ်အမျိုးသားရေး ပါတီခေါင်းဆောင်ဖြစ်ပြီး ၁၉၉၁-၉၆ နှင့်၂၀၀၁-၀၆ ခုနှစ်များတွင် ၀န်ကြီးချုပ်အဖြစ် နှစ်ကြိမ်တိုင် အရွေးခံခဲ့ရသူဖြစ်သည်။

စစ်တပ်ထောက်ခံမှုရထားပြီး အကြံပေးအရာရှိချုပ် ဖတ်ရာဒင်းအာမက် ခေါင်းဆောင်သည့် လက်ရှိ ကြားဖြတ်အစိုးရသည် ယခုနှစ်ဇန်နာဝါရီမှစ၍ အကတိလိုက်စားမှုတိုက်ဖျက်ရေးလှုပ်ရှားမှုကို အကောင်အထည်ဖော်နေပြီး ခါလီဒါဇီယာ၊ ရှိတ်ဟာဇီနာ စသည့်ဝန်ကြီးချုပ်နှစ်ဦး၊ ယခင်အစိုးရ၀န်ကြီးများ၊ အမတ်များ အပါအ၀င် စုစုပေါင်း (၂၀၀) ခန့်အား ဖမ်းဆီးထားသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: