KNLA တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီးကြည်လင်း၏အလောင်း ပြန်လည်တွေ့ရှိကြောင်း လက်ကမ်းစာစောင်ထွက်ပေါ်

NEJ / ၂၈ သြဂုတ် ၂၀၀၇ – ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆) လက်အောက်ခံ
တပ်ရင်း(၁၈) မှ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ကြည်လင်း သေဆုံးခဲ့မှုနှင့်ပတ်သက်၍ လက်ကမ်းစာစောင်တစောင်ထွက်
ပေါ်နေသည်။

အဆိုပါလက်ကမ်းစာစောင်တွင် From Time To Time ဟု အမည်တပ်ထားပြီး ကြည်လင်းပြီးတော့ ဘယ်သူလဲဆို
သည့် ခေါင်းစဉ်ဖြင့် ဒု-ဗိုလ်မှူးကြီး ကြည်လင်းသည် အသတ်ခံရခြင်းဖြစ်ကြောင်း၊ သတ်ဖြတ်ပြီး အလောင်းကို အစ
ဖျောက်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားကာ ရောင်စုံဓာတ်ပုံများနှင့် တကွ ဖော်ပြထားသည်။

လက်ကမ်းစာထုတ်ပြန်သူမှာ မည်သူမည်ဝါဟု ဖော်ပြမထားဘဲ သြဂုတ် (၂၀) ရက် နေ့လယ် (၂) နာရီတွင် ကော့က
ရိတ်မြို့နယ်၊ မိဂလုံရွာအနီး ဟောင်သရောမြစ်ထဲ၌ ရွာသားတဦး ထောင်ထားသည့် ကျားပါးစပ် ငါးဖမ်းပိုက်တွင် ဒု-
ဗိုလ်မှူးကြီး ကြည်လင်း၏အလောင်းအား ပြန်လည်တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

အလောင်းတွင် နဖူး၊ ရင်ဘတ်၊ ဘယ်ဘက်ပုခုံးနှင့် ညာဘက်လက်မောင်းတွင် သေနတ်ဒဏ်ရာတချက်စီတွေ့ရှိရသည်
ဟုလည်း ရေးသားထားသည်။

ထို့အပြင် အဆိုပါ လက်ကမ်းစာစောင်၌ ဒု-ဗိုလ်မှူးကြီး ကြည်လင်းသေဆုံးခဲ့ရမှုသည် ပဒိုမန်းရှာ လားဖန်း၏ လျှို့ဝှက်
စေခိုင်းမှုကြောင့် တပ်ရင်း (၁၇) တပ်ရင်းမှူး ဖားခေါမှ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုနေကြသည်ဟု
လည်း ဖော်ပြထားသည်။

ယင်းပြောဆိုစွပ်စွဲချက်များနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှ အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်းက မဟုတ်မမှန်ကြောင်း ငြင်းဆိုသည်။

၎င်းက “သူက တပ်မဟာ (၆) က၊ ကျနော်က ကေအန်ယူဗဟိုဌာနချုပ်က၊ ကျနော်က လူသတ်ခိုင်းလို့ ရတာမဟုတ်
ဘူး၊ ကျနော်တို့အဖွဲ့က စည်းမျဉ်းစည်းကမ်းရှိတယ်။ သူတို့ အဲဒီလိုစွပ်စွဲတာ ကျနော့်ကို သက်သက်သိက္ခာချတာ။ ဒီတ
ချိန်မကပါဘူး သူတို့ဝါဒဖြန့်တာတွေ များနေပြီ၊ ဒါက တမင်သက်သက် ပုတ်ခတ်စွပ်စွဲမှုပဲ” ဟု ပြောသည်။

ဒု-ဗိုလ်မှူးကြီး ကြည်လင်း သေဆုံးခဲ့ရမှုနှင့်ပတ်သက်၍ တပ်မဟာ (၆) က ပို့ပေးသည့် ၎င်းရေနစ်သေဆုံးသည်ဆို
သည့်သတင်းကိုသာ ရ၍ ထိုသို့သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း ပဒိုမန်းရှာက ပြောသည်။

“ရေနစ်ပြီး သေဆုံးတာလည်းဖြစ်နိုင်တယ်၊ သူ့တပည့်တွေ သူ့ကို ပစ်သတ်တာလည်းဖြစ်နိုင်တာပဲ။ ဒါကဖြစ်နိုင်ချေကို
ပြောတာ။ ဒီကိစ္စတွေက အခုထိ ဘာမှ နောက်ထပ်သတင်းမရသေးတော့ ရရှိတဲ့ နဂိုသတင်းလောက်ပဲ ကျနော်တို့ပြော
နိုင်မယ်။ အခုထုတ်တဲ့စာက ဘယ်သူကထုတ်မှန်းလည်းမသိဘူး” ဟု ၎င်းက ပြောသည်။

ဒု-ဗိုလ်မှူးကြီးကြည်လင်း ခေါင်းဆောင်သည့်အဖွဲ့သည် အရှေ့တောင်တိုင်းဌာနချုပ် စစ်ဦးစီးမှူးပထမတန်း ဗိုလ်မှူးကြီး
မင်းချစ်ဦးနှင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့၌ ယခုလ (၁၁) ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး နောက်ပိုင်း ယခုလ
(၁၆) ရက်တွင် ၎င်းသေဆုံးသည့်သတင်း ထွက်ပေါ်လာ ခြင်းဖြစ်သည်။

တပ်မဟာ(၆) မှ စစ်သည်တဦးက ဒု-ဗိုလ်မှူးကြီးကြည်လင်းသည်၎င်း၏ဒေသအတွင်း သုံးဆယ်သုံးဆူကျေးရွာအနီး၌ ဖြစ်ပွားသည့်ပစ်ခတ်မှုတွင် ကျဆုံးသွားကြောင်း ပြောကြားခဲ့ပြီး ကေအန်ယူမှ ရေနစ်သေဆုံးကြောင်း ပြောကြားခဲ့
သည်။

ယခုပြန်လည်တွေ့ရှိသည့်အလောင်းသည် ဒု-ဗိုလ်မှူးကြီးကြည်လင်းဖြစ်ကြောင်း ကော့ကရိတ်မြို့နယ်အတွင်းလှုပ်ရှား
နေသည့် ဒီကေဘီအေ တပ်ရင်း (၉၀၆) မှ ဗိုလ်ဌေးနိုင်က အတည်ပြုပြောဆိုခဲ့
ကြောင်း သိရသည်။

ဗိုလ်ဌေးနိုင်က ဒု-ဗိုလ်မှူးကြီးကြည်လင်း၏ ပေါင်နှစ်ဖက်တွင်ထိုးထားသည့် ဒေါင်းရုပ်နှစ်ခုရှိသည်ကို ဒေသခံအာဏာ
ပိုင်များအား ပြသ၍ အတည်ပြုခဲ့ကြောင်း ဒီကေဘီအေမှ တပ်ဖွဲ့ဝင်တဦးကပြောသည်။

ဗိုလ်ဌေးနိုင်သည့် ယခင်က တပ်မဟာ (၆)၊ တပ်ရင်း (၁၈)၊ တပ်ခွဲ (၅) မှ တပ်စုမှူးဖြစ်ခဲ့သည်ဟု သိရသည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: