မြန်မာနိုင်ငံရှိ လတ်တလောအခြေအနေများကို ထိုင်းအစိုးရက အနီးကပ်စောင့်ကြည့်

Bangkok Post / ၂၈ သြဂုတ် ၂၀၀၇- မြန်မာနိုင်ငံတွင်းရှိ လောင်စာဆီမြင့်တက်မှုအပေါ် လူထုက မကျေနပ်သော
ကြောင့် ရန်ကုန်တွင် ဖြစ်ပွားနေသည့် ဆန္ဒပြမှုများနှင့် ဖမ်းဆီးမှုများအပါအ၀င် လတ်တလောနိုင်ငံရေးအခြေအနေကို
ထိုင်းနိုင်ငံကအနီးကပ်စောင့်ကြည့်နေသည်။ထိုင်း ဒု-နိုင်ငံခြားရေးဝန်ကြီး စန်ဝါနစ် ကရွန်စီရီက ယင်းအခြေအနေများ
သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းပြမြေပုံအားထိခိုက်မည်ကိုစိုးရိမ်သဖြင့် ထိုင်းနိုင်ငံအနေဖြင့် အနီးကပ်စောင့်ကြည့် နေခြင်းဖြစ်ကြောင်း ပြောသည်။

မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသည့် အခြေအနေများသည် အခြေခံဥပဒေမူကြမ်း ရေးဆွဲရေး အတွက် ကျင်းပ
နေဆဲဖြစ်သော အမျိုးသားညီလာခံကို ထိခိုက်မည်မဟုတ်ဟု ယုံကြည်ကြောင်းနှင့် မြန်မာစစ်အစိုးရက အမျိုးသားညီ
လာခံ လုပ်ငန်းစဉ်များကို လာမည့်လတွင် အဆုံးသတ်တော့မည်ဟု ကတိပေးထားကြောင်း မစ္စတာစန်ဝါနစ်က ပြော
သည်။

ထိုင်းနိုင်ငံ ချူလာလောင်ကွန်တက္ကသိုလ်ရှိ အရှေ့အာရှလေ့လာရေးဌာနမှ မြန်မာ့အရေးကျွမ်းကျင်သူ မစ္စ ပွန်ပီမွန်
တရီချွတ်က လောင်စာဆီဈေးနှုန်း လျော့ကျရေးအတွက် ဆန္ဒပြသူများကို မြန်မာစစ် အစိုးရက နှိမ်နင်းခြင်းသည်
ထိုင်းနှင့် အခြားအာဆီယံ ခေါင်းဆောင်များကို စိတ်အနှောင့်အယှက် ဖြစ်စေမည်မဟုတ်ကြောင်း ပြောသည်။

၎င်းက “အာဆီယံနဲ့ ထိုင်းနိုင်ငံက စီးပွားရေးအကျိုးအမြတ်အတွက် ပိုပြီးတော့ စိုးရိမ်နေတာပါ။ မြန်မာနိုင်ငံသားတွေ
ရဲ့ အကျပ်အတည်းဒုက္ခထက် မြန်မာနိုင်ငံက စွမ်းအင်အကျိုးအမြတ်ကိုစိတ်ဝင်စားတာပါ။ ဒါ့ကြောင့် စစ်အစိုးရရဲ့နှိမ်
နင်းမှုကို နိုင်ငံတကာ အသိုင်းအ၀န်းက ၀ိုင်းဝန်း ရှုတ်ချတဲ့အချိန်မှာ သူတို့က သူတို့ရဲ့ဝေဖန်ချက်ကို ထုတ်မပြောကြ
ဘူး” ဟု ပြောသည်။

ယခုလက်ရှိ မြန်မာနိုင်ငံတွင်းတွင် ငြိမ်းချမ်းစွာဆန္ဒပြမှုများသည် စစ်အစိုးရအား ဖြုတ်မချနိုင် ကြောင်းနှင့် ယင်းဆန္ဒပြ
မှုသည် အလျင်အမြန် နှိမ်နင်းဖယ်ရှားခံရမည်ဟု အနောက်နိုင်ငံရှိ လေ့လာသူအချို့၏ ပြောဆိုချက်အပေါ်တွင်လည်း
မစ္စပွန်ပီမွန်က သဘောတူညီမှုမရှိပေ။

၎င်းက “ဒါက စစ်အစိုးရကို တိုက်ရိုက်ဆန့်ကျင်တဲ့ စိန်ခေါ်မှုမဟုတ်ဘူး။ ဒါက လူထုက သည်းခံ နိုင်စွမ်းမရှိတော့လို့ နေ့စဉ်ခံစားနေရတဲ့ခံစားချက်ကိုပြသခြင်းတခုပဲ။ အေအိုင်ဒီအက်စ် ရောဂါသည်တွေအတွက် ကျပ်တည်းမှုမျိုး၊ ကျောင်း
သားတွေရဲ့အခက်အခဲမျိုးတွေ၊ ပြီးတော့ မတရား မြင့်တက်နေတဲ့ နေထိုင်မှုစရိတ်တွေ၊ အထူးသဖြင့် လောင်စာဆီဈေး
နှုန်းပေါ့” ဟု ပြောသည်။

လာမည့်လ၌ အနားယူတော့မည့် ထိုင်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဆွန်ထိဘွန်ရာရတ်ဂလင်က နှစ်နိုင်ငံနယ်စပ်
တပ်များကြား ပူးပေါင်းဆောင်ရွက်မှုအဆင်ပြေချောမွေ့စေရေးအတွက် ဆွေးနွေးရန် မြန်မာနိုင်ငံသို့ ယမန်နေ့က သွား
ရောက်သည်။

၎င်းအနေဖြင့် တာဝန်မှ အနားယူသွားသော်လည်း မြန်မာနိုင်ငံအပေါ် ထိုင်းစစ်တပ်၏ ပေါ်လစီ ပြောင်းလဲသွားမည်မ
ဟုတ်ကြောင်းကို နအဖစစ်အစိုးရခေါင်းဆောင်များနှင့် သွားရောက်ဆွေးနွေး လိုခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ကြီးဆွန်ထိ
က ပြောသည်။

ဗိုလ်ချုပ်ကြီး ဆွန်ထိဘွန်ရာရတ်ဂလင်က ယမန်နေ့၌ နအဖဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး
တို့နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: