ရန်ကုန်တွင် ကားဈေးနှုန်းများ အဆမတန်တက်-NEJ / ၁၉ ဧပြီ ၂၀၀၇

19-4-07_car.gifမြန်မာစစ်အစိုးရအသိုင်းအ၀ိုင်းနှင့် နီးစပ်သည့်သူ များက ကားဈေးကွက်အတွင်း ၀င်ရောက်ဈေးကစား လာသောကြောင့် စစ်အစိုးရအုပ်ချုပ်စဉ် ကာလ တလျှောက် ကားဈေးအမြင့်ဆုံးအခြေအနေ ရောက်ရှိ လာနေကြောင်း ဟံသာဝတီကားဈေးကွက်မှ ကားဝယ်ရောင်းလုပ်နေသူတဦးကပြောသည်။၎င်းက “ခုဝင်လာတဲ့သူတွေက အစိုးရပေါ်လစီ ချတဲ့ သူတွေနဲ့ နီးစပ်တဲ့ ၀ယ်ရောင်းတွေလေ။ ကားဈေး ကွက်ဆိုတာ ကားပါမစ်ရမရအပေါ်မှာမူတည်တာ။သူတို့က အခြေအနေကိုသိတော့ ကားဈေးတွေကို ဆွဲတင်လိုက်တာ မကြုံစဖူးအခြေအနေကို ရောက်သွားတယ်” ဟုပြောသည်။

ရန်ကုန်ဆိပ်ကမ်းအရောက် ဒေါ်လာ ၃,၀၀၀ (ကျပ်၃၅-၄၀ သိန်း) ခန့်တန်သည့် ၉၇ မော်ဒယ် တိုယို တာဒီဇယ်ဗင် (ဖင်ကောက်) ၉ ခ နံပါတ်ဆိုလျှင် ကျပ်သိန်း (၁,၂၀၀) ကျော်အထိ ရောက်သွားပြီး အခြားအထက်ကားများလည်း တလအတွင်း သိန်း (၂၀၀-၃၀၀) စသည်ဖြင့် ဈေးခုန်တက်သွားသည်ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် နအဖစစ်အစိုးရက ကားပါမစ်များပိတ်ထားသဖြင့် အထက်ကားဟုခေါ်သည့် မော်ဒယ်မြင့် တန်ဖိုးကြီးကားများ ဈေးကွက်ထဲအရောက်နည်းပြီး ယင်းတန်ဖိုးကြီးကားများကို စစ်အစိုးရနှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းကသာ ပိုင်ဆိုင်သည်ဟု သိရသည်။

၂၀၀၄-၅ ၀န်းကျင်တွင် လိုင်စင်မဲ့ကားများ များလာသည့်အတွက် ကားဈေးကွက်ပျက်သွားခဲ့ရာမှ နောက်ပိုင်း လိုင်စင်မဲ့ကားများကို ဖမ်းဆီးအရေးယူပြီးနောက် ကားဈေးနှုန်းများ တရိပ်ရိပ်ပြန်တက် လာခြင်းဖြစ်သည်ဟု အခြားကားပွဲစားတဦးကပြောသည်။

“ကားဈေးတွေ တက်လာပေမယ့် သာမန်ဝယ်ရောင်းသမားတွေက ဈေးမကစားရဲကြဘူး။ စစ်အစိုးရ အသိုင်းအ၀ိုင်းနဲ့ နီးစပ်သူတွေက သူတို့လိုချင်တဲ့ဈေးနှုန်းအတိုင်းအတာတခုရောက်ရင် ၀ယ်ထား သမျှကားတွေ ဈေးကွက်ထဲ ရောင်းထုတ်မှာမို့ ကားဈေးတွေ ပြန်ကျသွားနိုင်တယ်။ ဒီလိုအခြေအနေကို မမှန်းတတ်ရင် လက်ထဲမှာ ကားတွေ ဈေးအမြင့်နဲ့ပိုက်မိပြီး အရှုံးပေါ်တတ်တယ်။ ဒါကြောင့် ကားဈေး ကွက်ထဲ ၀င်ကစားတဲ့ အစိုးရနဲ့နီးစပ်တဲ့ လက်ကြီးသမားတွေရဲ့ အခြေအနေကို အဆက်မပြတ် စောင့်ကြည့်နေရတယ်” ဟု ၎င်းက ရှင်းပြသည်။

ရန်ကုန်ကားဈေးကွက်တွင် လတ်တလော၌ ကားဈေးနှုန်းများ အလွန်မြင့်တက်နေပြီး ကျပ် သိန်း
(၈၀-၉၀) တန် ၂၀၀၀ ခုဝန်းကျင် မော်ဒယ်တပတ်ရစ် တိုယိုတာမာ့ခ်တူးကားများသည် သိန်း (၂,၀၀၀) အထက်ရောက်နေပြီး လွန်ခဲ့သည့် (၁၇) နှစ် ၁၉၉၀ ပြည့်နှစ်ဝန်းကျင်ကထုတ်လုပ်သော ကားဟောင်း များဖြစ်သည့် ကျပ် (၂၅) သိန်းခန့်သာတန်သည့် ဆန်နီဆူပါဆလွန်းကဲ့သို့သော ကားမျိုးပင်လျှင် ကျပ်သိန်း (၄၀၀) ကျော်နေသည်ဟု သိရသည်။ ။


About these ads

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

%d bloggers like this: